စာသင်နှစ်ဝက် စာမေးပွဲတွေ ရပ်ဆိုင်းလိုက်ရတဲ့ ဘင်္ဂလားဒေ့ရှ် ကျောင်းဆရာတွေရဲ့ လစာရရှိရေးသပိတ်

Author CJ Platform
Categories
Published on Dec 05, 2025

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အစိုးရမူလတန်းကျောင်း ဆရာ၊ ဆရာမတွေရဲ့ သပိတ်မှောက်မှုကြောင့် မနေ့က (ဒီဇင်ဘာ ၃ ရက်) စပြီး တစ်နိုင်ငံလုံးက စာသင်ကျောင်းတွေ ရပ်ဆိုင်းသွားခဲ့ရပါပြီ။ အဆိုးရွားဆုံးကတော့ ကျောင်းသားသန်းပေါင်းများစွာ ဖြေဆိုရမယ့် စာသင်နှစ်ဝက် စာမေးပွဲတွေပါ ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ရတာ ဖြစ်ပါတယ်။

 

ခုနှစ်ကုန်ပိုင်းကတည်းက ဆရာ၊ ဆရာမတွေဟာ အရာရှိအဆင့်ဖြစ်တဲ့ Grade 10 လစာ ၁၆,၀၀၀ တာကာ (အမေရိကန်ဒေါ်လာ ၁၃၀ ဝန်းကျင်) ရရှိဖို့ တောင်းဆိုခဲ့ကြတာပါ။