အာရှလမ်းတွင် ဆက်ကြေးကောက်နေသည့် ဖက်ဆစ် စစ်တပ်အား ကျားသစ်နက်စစ်ကြောင်းတိုက်ခိုက် မှုကြောင့် သုံးဦး သေ

Author လင်းခိုင်
Categories
Published on Oct 31, 2022

ကရင်ပြည်နယ်၊ ကွမ်းခြံကုန်းကွေ့၊ အာရှလမ်းမတစ် နေရာတွင် ဆက်ကြေးကောက်နေသည့် ဖက်ဆစ် စစ် တပ်အား KNLAနှင့် ကျားသစ်နက် ပူးပေါင်းစစ်ကြောင်းမှ တိုက်ခိုက်မှုကြောင့် ဖက်ဆစ်စစ်တပ်မှ သုံးဦးသေဆုံးခဲ့ကြောင်း အောက်တိုဘာ ၃၀ ရက်ကသတင်း ထုတ်ပြန်ထားသည်။

အောက်တိုဘာ ၂၆ ရက် တွင် ပူးပေါင်းစစ်ကြောင်းသည် ဖက်ဆစ်စစ်တပ် အင်အား ရှစ်ဦးခန့်သည် ခရီးသွားပြည်သူများအပေါ် နှစ်နေရာခွဲပြီး ဆက်ကြေးကောက်ခံနေသည့်အထွက် ယင်းနေရာနှစ်ခုလုံးအား ၀င်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထိုတိုက်ခိုက်ခဲ့မှုကြောင့် ဖက်ဆစ်စစ်တပ်မှ သုံးဦးသေဆုံးခဲ့ပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကာ MA 2 သုံးလက်၊ MA3 တစ်လက်၊ ကျည်အိမ် ၁၂ခုနှင့် M 79 ကျည် ၄လုံးတို့အား သိမ်းဆည်းရမိခဲ့ကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။