ဂျပန်နဲ့ ထိုင်ဝမ်ကို သတိပေးလိုက်တဲ့ တရုတ်ရဲ့ စစ်သင်္ဘော ၁၀၀ ကျော် စစ်ဆင်ရေး
အရှေ့အာရှ ရေပြင်တစ်ခုလုံးမှာ တရုတ်နိုင်ငံက သမိုင်းတစ်လျှောက် အကြီးမားဆုံး ရေတပ်အင်အားပြပွဲကြီးတစ်ခုကို တိတ်တဆိတ် လုပ်ဆောင်နေ တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။ ထောက်လှမ်းရေး အစီရင်ခံစာတွေအရ ပင်လယ်ဝါ၊ အရှေ့တရုတ်ပင်လယ်ကနေ တောင်တရုတ်ပင်လယ်အထိ တရုတ်စစ်သင်္ဘောနဲ့ ကမ်းခြေစောင့်သင်္ဘော ၁၀၀ ကျော် တစ်ပြိုင်နက်တည်း ဖြန့်ကြက်ရောက်ရှိနေ ပါတယ်။
