အရာတော်တွင် မိုင်းရှင်းနေသည့် ဖက်ဆစ်စစ်တပ် မိုင်းထိမှန်ပြီး သုံးဦးသေ

Author ခေတ်နီ
Categories
Published on Oct 29, 2022

စစ်ကိုင်းတိုင်း အရာတော်မြို့နယ်တွင် မိုင်းရှင်းရန်ထွက်လာသည့် ဖက်ဆစ်စစ်တပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

အရာတော်မြို့နယ် ပန်းလှိုင်ရွာမှ ဆိုင်ကယ် ၂ စီးဖြင့်ထွက်လာသည့် စစ်ကောင်စီတပ်သား နှင့်ပျူစောထီး ( ၅ ) ဦးခန့်သည်PDFတပ်ဖွဲ့ဝင်များ ဆင်ထားသော မိုင်းများအား အောက်တိုဘာ ၂၆ရက်နေ့တွင် လာဖြုတ်ယူနေစဥ် အနီး၌ ထောင်ထားခဲ့သော နောက်မိုင်းတလုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့တာပဲ ဖြစ်သည်။

ထိုသို့ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဘက်မှ ၃ ဦးသေဆုံးပြီးရုပ်အလောင်းများအား အောက် တိုဘာလ ၂၇ ရက်နေ့မနက်ပိုင်းတွင် လာရောက်ကောက်ယူသွားခဲ့ကြောင်းသိရသည်။

အဆိုပါ တိုက်ခိုက်မှုအား နဂါးနီတပ်ခွဲ (အရာတော် မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ) နှင့်ရွှေမင်းသားတပ်ခွဲ (ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ) တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။