နမ့်ပန်ချောင်းရေ မြင့်တက်လာတာကြောင့် ကွန်ဟိန်းမြို့က ရပ်ကွက် ၃ခုမှာ ရေဝင်နစ်မြုပ်

Author CJ Platform
Categories
Published on Aug 08, 2025

ရှမ်းပြည် ကွန်ဟိန်းမြို့မှာ ဒီကနေ့ ဩဂုတ် ၈ရက်နေ့ မနက်ပိုင်းကနေ စတင်ပြီး မိုးသည်းထန်စွာ ရွာသွန်းကာ နမ့်ပန်ချောင်းရေ မြင့်တက်လာမှုကြောင့် ရပ်ကွက် ၃ခုအတွင်း ရေဝင်နစ်မြုပ်နေတယ်လို့ ဒေသခံတွေ ဆီက သိရပါတယ်။

 

မိုးသည်းထန်စွာ ရွာသွန်းပြီး နမ့်ပန်ချောင်းရေ မြင့်တက်မှုကြောင့် ချောင်းအနီး ရပ်ကွက်တွေဖြစ်တဲ့ အမှတ်(၁)၊ အမှတ်(၂)၊ အမှတ်(၄) နဲ့ အမှတ်(၅) ရပ်ကွက်တွေမှာ ရေဝင်နစ်မြုပ်ပြီး ဒေသခံပြည်သူတွေ ရေဘေးလွတ်ရာကို ပြောင်းရွေ့နေရပါတယ်။

“ရပ်ကွက်(၁)ကတော့ ၅ အိမ် ၆ အိမ်လောက်ပါ၊ ရပ်ကွက်(၂)ကတော့ ၃၀ ကျော်မယ်၊ ရပ်ကွက် (၄)လဲပါတယ် ၁၀ အိမ်ကျော်မယ်၊ ရပ်ကွက်(၅)ကတော့ အတော်များတယ်”လို့ ဒေသခံ အမျိုးသားတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

ရေကြီးနစ်မြုပ်မှုအတွင်း လူအသေအပျောက်မရှိပေမဲ့ ရေတက်နှုန်းမြန်တာကြောင့် ဆုံးရှုံးပျက်စီးမှုတွေတော့ ရှိနေတယ်လို့ သိရပါတယ်။

 

ရေဘေးသင့်ပြည်သူတွေကို ဒေသတာဝန်ရှိသူတွေက စာရင်းလာရောက်ကောက်ယူမှုတွေ လုပ်ဆောင်နေပြီး ဩဂုတ် ၈ရက်နေ့ နေ့လယ် ၁၁နာရီခွဲ အချိန်ထိတော့ ရေဘေးကယ်ဆယ်ရေး စခန်းတွေ ဖွင့်လှစ်ထားတာ မရှိသေးဘူးလို့ သိရပါတယ်။

 

ဓာတ်ပုံ – Saihtwe Win ၊ Jao Tai Num Facebook

 

 

Related News

Depend on news