စစ်ကောင်စီအတွက် လက်နက်တင်သွင်းပေးတဲ့ လက်နက်ပွဲစား ၄ ဦးကို အမေရိကန်က ပိတ်ဆို့မှု ပြန်ရုပ်

Author CJ Platform
Categories
Published on Jul 25, 2025

စစ်ကောင်စီအတွက် လေယာဉ်ဆီအပါအဝင် လက်နက်များကို ကြားခံဝယ်ယူ တင်သွင်းပေးနေတဲ့ လက်နက်ပွဲစားလုပ်ငန်းရှင် ၄ ဦးအား အမေရိကန်က ပိတ်ဆို့ထားမှုကနေ ပြန်လည် ရုပ်သိမ်းပေးခဲ့ပါတယ်။

 

KT Services & Logistics ကုမ္ပဏီနှင့် တည်ထောင်သူ ဂျွန်နသန်မျိုးကျော်သောင်း၊ MCM Group ပိုင်ရှင် ဦးအောင်လှိုင်ဦး၊ Suntac Technologies ပိုင်ရှင် ဦးစစ်တိုင်းအောင်၊ ရွှေဗျိုင်းဖြူ ကုမ္ပဏီ ပိုင်ရှင် ဦးသိန်းဇော်၏ ဇနီး ဒေါ်တင်မင်းလတ် တို့ကို အမေရိကန်၏ ပိတ်ဆို့အရေးယူစာရင်းကနေ ပယ်ဖျက်လိုက်ပြီဖြစ်ကြောင်း ဇူလိုင် ၂၄ ရက်စွဲနဲ့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

 

စစ်ကောင်စီအတွက် လက်နက်ကြားခံဝယ်ယူပေးမှုအတွက် ယင်းပုဂ္ဂိုလ် ၄ ဦးအား Justice For Myanmar နှင့် SAC-M တို့က ဖော်ထုတ်ပြီးနောက်၊ ၂၀၂၂ ခုနှစ်မှာ ဂျွန်နသန်မျိုးကျော်သောင်း၊ ဦးစစ်တိုင်းအောင်၊ ဦးအောင်လှိုင်ဦးတို့ကို၊ ၂၀၂၄ ခုနှစ်မှာ ဒေါ်တင်မင်းလတ်ကို တစျဥ်တစဉ် အမေရိကန်က ပိတ်ဆို့အရေးယူခဲ့ခြင်း ဖြစ်ပါတယ်။

 

အမေရိကန်ရဲ့ ပိတ်ဆို့မှုများကို ပြန်လည်ရုပ်သိမ်းလိုက်ခြင်းမှာ သမ္မတ ဒေါ်နယ်ထရမ့်က ပေးပို့ခဲ့တဲ့ အကောက်ခွန်ဆိုင်ရာ သတိပေးစာစောင်နှင့် ပတ်သက်ပြီး၊ အာဏာသိမ်းစစ်ခေါင်းဆောင်က ပိတ်ဆို့မှုများ ဖြေလျှော့ဖို့ တောင်းဆိုစာ ပြန်ပေးပို့ခဲ့တာနောက်ပိုင်း ဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်။

 

စစ်ကောင်စီအနေနဲ့ အမေရိကန်အပါအဝင် အနောက်နိုင်ငံများနဲ့ ဆက်ဆံရေးတိုးမြှင့်ဖို့ ကြိုးစားနေပြီး၊ ပြီးခဲ့တဲ့ တပတ်ကလည်း မြန်မာပုံရိပ်ဖော်ညွှန်းရေးအဖွဲ့ (Myanmar Narrative Think Tank) ဒါရိုက်တာတစ်ဦးဖြစ်တဲ့ စစ်ကောင်စီ ဗဟိုဘဏ် ဒါရိုက်တာ ဒေါက်တာဇော်ဦး ဦးဆောင်တဲ့အဖွဲ့တစ်ဖွဲ့ကို အမေရိကန်နဲ့ ညှိနှိုင်းဖို့ စေလွှတ်ခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့ပါတယ်။

 

 

 

Related News

Depend on news