မိုင်းပေါက်တစ်မြို့လုံးနီးပါး ရေလွှမ်းနေ

Author CJ Platform
Categories
Published on Jul 22, 2025

ရှမ်းပြည်အရှေ့ပိုင်း “ဝ”အထူးဒေသ ၂ ၊ မိုင်းယန်းခရိုင်၊ မိုင်းပေါက်မြို့မှာ မိုးအဆက်မပြတ် ရွာသွန်းတာကြောင့် တစ်မြို့လုံးနီးပါး ရေလွှမ်းနေတယ်လို့ ဒေသတွင်း မီဒီယာတွေက တဆင့် သိရပါတယ်။

 

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၅ ရက်နေ့ကတည်းက မိုးအဆက်မပြတ်ရွာသွန်းနေတာကြောင့် အခုလို ရေကြီး ရေလျှံတာတွေ ဖြစ်ပေါ်ခဲ့တာလို့ သိရပါတယ်။

 

အခုလို ရေကြီးရေလျှံမှုတျွေကြောင့် လူသေဆုံးထိခိုက်မှုတော့ မရှိပေမဲ့  ဝမ်ဟုန်၊ မိုင်းယွန်း၊ ဟွေအော် ဘက်တွေမှာ လမ်းတံတားတွေ ပျက်စီးတာ လယ်ယာတွေ ဆုံးရှုံးတာ အများအပြားဖြစ်တယ်လို့ “ဝ” ဒေသသတင်းတွေကို ဖော်ပြပေးနေတဲ့ Wa News Land ကရေးသားထားပါတယ်။

 

ဒါ့အပြင် နေအိမ်၊ ကား၊ ဆိုင်ကယ်များ ရေထဲမျောပါတာတွေပါဖြစ်ခဲ့ပြီး တောင်ပြို၊ မြေပြိုတာတွေကြောင့် လမ်း၊ တံတား၊ လယ်ယာစိုက်ခင်းတွေ ထိခိုက်ခဲ့ရတာလို့ သိရပါတယ်။

 

ဖြစ်ပေါ်လာတဲ့ သဘာဝဘေးကြောင့် ဒေသခံတွေအနေနဲ့ အထူးသတိရှိကြဖို့ “ဝ”ပြည် အစိုးရအဖွဲ့က ထုတ်ပြန်ထားသလို ပျက်စီးမှုတွေကိုလည်း ပြန်လည်ပြုပြင်သွားမှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

 

လက်ရှိမှာ လမ်းတံတာတွေပျက်စီးခဲ့တာကြောင့် ဒေသခံတွေအနေနဲ့ သွားလာရေးခက်ခဲနေရတယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – Wa News Land

 

 

Related News

Depend on news