သထုံတွင် ဘီယာသောက်နေသည့် ရဲတစ်ဦး ၁ဦး ပစ် ခံရပြီးသေ

Author ခေတ်နီ
Categories
Published on Oct 26, 2022

မွန်ပြည်နယ် သထုံမြို့နယ်အတွင်းရှိ နယ်ထိန်းရဲတစ်ဦး ဘီယာသောက်နေစဥ် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သထုံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) က ထုတ်ပြန်ထားသည်။

သထုံမြို့နယ် ထောင်မှူးကျေးရွာအုပ်စု နယ်ထိန်း အောင်ဝင်းထွန်းကို ဈေးမသွယ်ရွာ ဘီယာဆိုင်တွင် ဘီယာသောက်နေစဉ် ယမန်နေ့ ညနေ ၆ နာရီခန့်မှာ သထုံ (ပ.က.ဖ)ကပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်သည်။

ပစ်ခတ်ခံရသည့် နယ်ထိန်းရဲ အောင်ဝင်းထွန်းသည် လမ်းဘေးဆီဆိုင်များတွင် ပိုက်ဆံမပေးဘဲ ဆီထည့် ပြီး ဆီလိုင်စင်လုပ်လျှင်ငွေပိုကုန်မည်ဟု ခြိမ်းခြောက်ပြောဆိုမှုများ ရှိခဲ့ကြောင်း သထုံ ပ.က.ဖ ၏ ထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် သထုံမြို့၏ ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများအားလဲ ယခုတစ်ပတ်အတွင်း နုတ်ထွက်ကြရန်လည်း သထုံ (ပ.က.ဖ)ကနောက်ဆုံးအကြိမ် သတိပေးထားသည်။