နိုင်ငံတဝန်း ယာဉ်တိုက်မှုတွေကြောင့် လစဉ် ၁၅၀ဦးကျော် သေဆုံး

မြန်မာနိုင်ငံတဝန်း ယာဉ်တိုက်မှုတွေကြောင့် လစဉ် လူဦးရေ ၁၅၀ကျော် သေဆုံးနေရတယ်လို့ စစ်ကောင်စီလက်အောက်ခံ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။
အခု ၂၀၂၅ခုနှစ် ဇန်နဝါရီလကနေ မေလကုန်အထိ ယာဉ်တိုက်မှုပေါင်း ၁၄၅၅ မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၇၈၂ဦး ရှိခဲ့ကာ ဒဏ်ရာရရှိသူ ၂၁၄၄ ဦးထိ ရှိခဲ့တယ်လို့ သိရပါတယ်။
ရန်ကုန်မြို့မှာ ယာဉ်တိုက်မှုဖြစ်စဉ်အများဆုံး ဖြစ်ပွားပြီး ၅လတာ ကာလအတွင်းမှာ ၃၃၉ ကြိမ်ထိ ဖြစ်ပွားခဲ့ပါတယ်။ ဧရာဝတီတိုင်းမှာတော့ ၂၂၃ကြိမ်ဖြစ်ပွားခဲ့ပြီး ဒုတိယအများဆုံး တိုင်းဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ၅ လတာကာလနဲ့ နှိုင်းယှဉ်ပါက ယာဉ်တိုက်မှု ၃၀၁ မှု လျော့ကျသွားခဲ့သလို သေဆုံးသူ ၂၀၂ ဦးနဲ့ ဒဏ်ရာရရှိသူ ၅၉၃ ဦး လျော့နည်းသွားတာဖြစ်တယ်လို့ သိရပါတယ်။
စစ်ကောင်စီလက်အောက်ခံ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ အချက်အလက်တွေမှာ သူတို့ နယ်မြေစိုးမိုးနိုင်မှု မရှိတော့တဲ့ ကရင်နီ (ကယား)ပြည်၊ ချင်းပြည်တွေကို ထည့်သွင်းကောက်ခံယူထားနိုင်တာ မရှိခဲ့ပါဘူး။
ဒါ့အပြင် တော်လှန်ရေးအင်အားစုတွေ စိုးမိုးထားနိုင်တဲ့ ဒေသတွေမှာလည်း ယာဉ်တိုက်မှုဖြစ်စဉ်တွေ သိသာစွာ လျော့ကျသွားတာကိုလည်း တွေ့ရှိပါတယ်။
ဓာတ်ပုံ – pro_SAC