စစ်ကောင်စီသည် မုန်းမြို့နယ်အတွင်းရှိ အရပ်သား တစ်ဦးကို သ-တ်ဖြ-တ်ခဲ့ပြီး နေအိမ်များအား မီးရှို့ဖျက်ဆီး

Author မွန်လေး
Categories
Published on Oct 26, 2022

အကြမ်းဖက်စစ်ကောင်စီသည် မုန်းမြို့နယ်အတွင်းရှိ အရပ်သား တစ်ဦးကို သတ်ဖြတ်ခဲ့ပြီး နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း KNU က အောက်တိုဘာ ၂၅ ရက်တွင် ထုတ်ပြန်ထားသည်။

အောက်တိုဘာ ၂၂ ရက် နံနက် ၈နာရီအချိန့်တွင် KNU ထိန်းချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်အတွင်းရှိ အောင်းလောင်းစိန် ကျေးရွာတွင် နေထိုင်သည့် စောနေကော်ဝါးနှင့် စောဆာပီး တို့၏ တဲအိမ်များကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့သည့် အပြင် ကြံစိုက်ခင်းတစ်ခင်းကိုပါ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ် သည်။

ထို့ပြင် စစ်ကောင်စီ ခမရ ၅၉၉ တပ်သည် မုန်းမြို့နယ်၊ တခေါ့ပွာကျေးရွာတွင် နေထိုင်သည် အသက် ၄၅ နှစ်အရွယ် နော်ဒေညားကိုလည်း အကြောင်းမဲ့ သတ် ဖြတ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

မုန်းမြို့နယ်အတွင်း အကြမ်းဖက် စစ်ကောင်စီတပ်သည် လက်နက်ကြီးများဖြင့် မကြာခဏ ပစ်ခတ်လျက် ရှိသည့်အတွက် ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရသည့် အပြင် စစ်ကောင်စီတပ်များကပြည် သူပိုင်ပစ္စည်းများကို ခိုးယူခြင်းများ ဆောင်ရွက်လျှက် ရှိပြီး အရပ်သားပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသည်။