စစ်ကောင်စီ၏ ဖားကန့် လေကြောင်းတိုက်ခိုက်မှုသည် လူသားမျိုးနွယ်စုအပေါ် ကျူးလွန်မှုနှင့် စစ်ရာ ဇ၀တ်မှု မြောက်ကြောင်း ဦးကျော်မိုးထွန်း ကုလအစည်းအဝေး၌ တင်ပြ
စစ်ကောင်စီ၏ ဖားကန့် လေကြောင်းတိုက်ခိုက်မှုသည် လူသားမျိုးနွယ်စုအပေါ် ကျူးလွန်မှုနှင့် စစ်ရာ ဇ၀တ်မှု မြောက်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက အောက်တိုဘာ ၂၄ ရက်တွင် ပြုလုပ်သည့် ၇၇ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ ပထမကော်မတီ(လက်နက်ဖျက်သိမ်းရေးနှင့် နိုင်ငံတကာ လုံခြုံရေးကော်မတီ)အစည်းဝေး၌ တင်ပြ ပြောကြားခဲ့ခြင်း ဖြစ်သည်။
အကြမ်းဖက် ဖက်ဆစ်စစ်တပ်သည် အောက်တိုဘာ ၂၃ ညပိုင်းတွင် KIO ၏ ၆၂နှစ်မြောက် နှစ်ပတ်လည်နေ့ ကျင်းပရာ နေရာအား စစ်လေယာဉ်အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် အနုပညာရှင်များ၊ အမျိုးသမီးများနှင့် ကလေးငယ်များအပါအ၀င် ပြည်သူအများအပြား သေဆုံးခဲ့ရကြောင်း၊ အဆိုပါ တိုက်ခိုက်မှုသည် ဖက်ဆစ်စစ်တပ်၏ တိုင်းရင်းသား ကချင် လူမျိုးစုများအပေါ် ရက်စက် ယုတ်မာသော ကျူးလွန်မှုဖြစ်ပြီး လူသားမျိုးနွယ်စုအပေါ် ကျူးလွန်မှုနှင့် စစ်ရာဇ၀တ်မှုမြောက်ကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂအစည်းအဝေး၌ တင်ပြခဲ့ခြင်းဖြစ်သည်။
လွန်ခဲ့သည့် လပေါင်း ၂၀ ခန့်အတွင်း ပြည်သူများအပေါ် ၂၄၀ကြိမ် ထက်ပိုသော လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း၊ စစ်တပ်သည် လက်နက်နှင် ဆက်စပ်နည်းပညာများ ဆက်လက်ရရှိနေမည်ဆိုပါက မြန်မာပြည်သူများနှင့် ကလေးများအား ရက်စက်သော လူမဆန်သော တိုက်ခိုက်သတ်ဖြတ်မှုများကို ဆက်လက်ကျူးလွန်နေမည်မှာ မလွဲဧကန်ဖြစ်ကြောင်း သံအမတ်ကြီးက ဆက်လက်ပြောကြားသ်။
ထို့ကြောင့် မြန်မာ ပြည်သူများ၏ အသက်ကို ကယ် တင်ပေးနိုင်ရေးအတွက် မြန်မာစစ်တပ်သို့ လက်နက် များတင်ပို့ရောင်းချနေသည့် နိုင်ငံများအနေဖြင့် တင်ပို့ရောင်းချမှုများကို ချက်ချင်းရပ်တန့်ပေးရန် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်း တောင်းဆိုခဲ့သည်။
ထို့ပြင် စစ်ကောင်စီသည် ယင်းတို့အား ဆန့်ကျင်သည်ံ ထုတ်ဖော်ပြောကြားမှုများကို အလုံးစုံ ထိန်းချုပ်ဖယ်ရှားရန်အတွက် လက်ရှိတွင် ပြင်းထန်သည့် ဆိုက် ဘာလုံခြုံရေးဥပဒေကိုပြဌာန်းရန် ကြိုးပမ်းနေပြီး၊ စစ်တပ်၏ သတင်းအချက်အလက်နှင့် နည်းပညာအား အာဏာတည်မြဲရေးအတွက် အသုံးပြုနေမှုကို နိုင်ငံတကာ အသိုက်အ၀န်းနှင့် နည်းပညာအသိုက်အ ၀န်းမှ တားဆီးပေးရန် ကုလသမဂ္ဂအစည်းအဝေး၌ ဦးကျော်မိုးထွန်းက တိုက်တွန်းခဲ့သည်။