ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးခင်ရီရဲ့ ကျေးရွာမှာ ရွာလုံခြုံရေးအတွက် လူငယ်တွေကို မဲနှိုက်ခိုင်းနေ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဥက္ကဌ ဦးခင်ရီရဲ့ ဇာတိဖြစ်တဲ့ ဧရာဝတီတိုင်း မြောင်းမြမြို့နယ် ကျွန်းဒိပ်ကျေးရွာမှာ ကျေးရွာလုံခြုံရေးအတွက်ဆိုကာ လူငယ်အယောက် ၃၀ကို မဲနှိုက်ရွေးချယ်ခဲ့တယ်လို့ သိရပါတယ်။
“ဇွန်လ ၂၃ရက်နေ့ နေ့လယ်က လုပ်တာပါ၊ ဦးခင်ရီရွာကို လာမယ်ပြောတယ်၊ လုံခြုံရေးပေးရအောင်လို့လည်း ကြားတယ်၊ ဘာလုပ်မလို့မလဲမသိဘူး၊ စစ်မှုထမ်းကြေးက လတိုင်းပေးထားတာကို”လို့ ကျေးရွာဒေသခံတစ်ဦးက ပြောပါတယ်။
ပြည်ခိုင်ဖြိုးပါတီက ကျွန်းဒိပ်ကျေးရွာကို မဲဆွယ်စည်းရုံးရေး လာရောက်အပြီးမှာ အခု လုံခြုံရေးအတွက် မဲနှိုက်ခိုင်းတာတွေ ဖြစ်လာတာဖြစ်တယ်လို့ သိရပါတယ်။
မဲနှိုက်ရာမှာလည်း အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးတွေရဲ့ အမျိုးတွေ မဲနှိုက်စရာမလိုကြောင်း ကြိုတင်ကြေညာပြီးမှ မဲနှိုက်စေတာဖြစ်တယ်လို့ သိရပါတယ်။
အခုလိုကျေးရွာလုံခြုံရေးအတွက် မဲနှိုက်တဲ့ဖြစ်စဉ်ဟာ ဦးခင်ရီရဲ့ဇာတိရွာဖြစ်တဲ့ ကျွန်းဒိပ်ရွာတစ်ခုထဲမှာသာ ပြုလုပ်တာဖြစ်ပြီး မြောင်းမြမြို့နယ်အတွင်းက ကျန်ကျေးရွာတွေမှာ လုပ်ဆောင်မှု မရှိဘူးလို့ စုံစမ်းသိရှိရပါတယ်။
ဒီသတင်းဟာ CJ Platform ရဲ့ Citizen Journalists တစ်ဦးပေးပို့လာတဲ့ သတင်းဖြစ်ပါတယ်။
CJ Platform ရဲ့ CJ Report ကဏ္ဍအတွက် သတင်းပေးပို့လိုပါက CJ Platform Facebook Page Messenger ကနေဖြစ်စေ၊ Telegram မှာ @cjreport1 လို့ ရှာဖွေပြီး ပေးပို့နိုင်ပါတယ်။
ပုံစာ – ကျွန်းဒိပ်ကျေးရွာကို ပြည်ခိုင်ဖြိုးပါတီက စည်းရုံးရေးလာရောက်ပုံ