နောင်ချိုမှာ စစ်ကောင်စီက တစ်ရက်ထဲ ဗုံးအလုံး ၁၀၀ နီးပါး ကြဲချ

Author CJ Platform
Categories
Published on Jun 25, 2025

နောင်ချိုမြို့နယ်အတွင်းမှာ စစ်ကောင်စီနဲ့ တော်လှန်တပ်ဖွဲ့တွေ တိုက်ပွဲ ပြင်းထန်နေပြီး ယမန်နေ့ ဇွန်လ ၂၄ ရက်နေ့ တစ်ရက်ထဲမှာပင် စစ်ကောင်စီက လေကြောင်းကနေ ဗုံး ၈၂ လုံး ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

 

နောင်ချိုမြို့နယ် ရွှေသွန်းကျေးရွာအနီး နေ့လယ် ၁၂ နာရီခွဲဝန်းကျင်မှာ နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့ပြီး နှစ်နာရီနီးပါး တိုက်ပွဲ ပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။

 

စစ်ကောင်စီက တိုက်ပွဲ မဖြစ်ပွားမီ ပေါင် ၃၀၀ ဗုံးအပါအဝင် ဗုံး ၂၄ လုံး ကြဲခဲ့ပြီး တိုက်ပွဲဖြစ်ပွားချိန်မှာ ပေါင် ၅၀၀ တစ်လုံးအပြင် Y12 လေယာဉ်နဲ့ ဗုံး ၃၃ လုံး ကြဲချ တိုက်ခဲ့တယ်လို့ ဆိုပါတယ်။

 

ဒါအပြင် ညနေပိုင်းနဲ့ ညဦးပိုင်းမှာလည်း နောက်ထပ် ဗုံး ၂၄ လုံး ထပ်မံကြဲချ တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

 

လက်ရှိအချိန်မှာ စစ်ကောင်စီက လေယာဉ်ဗုံးများ၊ လက်နက်ကြီးများ၊ ဒရုန်းများ အသုံးပြုကာ နောင်ချိုမြို့အနီးတဝိုက်ကို အဆက်မပြတ် ထိုးစစ်ဆင် တိုက်ခိုက်နေဆဲ ဖြစ်တာကြောင့် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေတယ်လို့ DPLF သတင်းပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။

 

ဓာတ်ပုံ – DPLF

Related News

Depend on news