ကုန်းသာစစ်ရှောင်စခန်းအား စစ်ကောင်စီမှ လက်နက်ကြီးဖြင့်ပစ်ခတ်မှုဖြစ်ကြောင့် စစ်ရှောင်အမျိုးသမီးတစ်ဦး ထပ်မံဆုံးပါး

Author ခေတ်နီ
Categories
Published on Oct 25, 2022

ကရင်နီပြည် လွိုင်ကော်မြို့နယ် ကုန်းသာကျေးရွာစစ် ရှောင်စခန်းကို စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည့်ဖြစ်စဉ်တွင် ကျည်ထိမှန်ဒဏ်ရာရသူများထဲမှ အမျိုးသမီးတစ်ဦး ထပ်မံဆုံးပါးသွားကြောင်း ရွှေလွိုင်ကော်ပရဟိတအသင်းထံမှ သိရသည်။

ကုန်းသာကျေးရွာမှာရှိသည့် စစ်ဘေးရှောင်စခန်းကို အောက်တိုဘာလ ၂၃ ရက်နေ့ည ၉ နာရီခန့်မှာ စစ် ကောင်စီ၏ ခမရ ၄၂၂တပ်မှလက်နက်ကြီးဖြင့် အကြောင်းမဲ့ပစ်ခတ်ခဲ့တာကြောင့် စစ်ရှောင်မိသားစုတစ်စုမှ ခင်ပွန်းဖြစ်သူဟာ နေရာမှာပင်သေဆုံးသွားပြီး ၆လ အရွယ်နှင့် ၈နှစ်အရွယ်ကလေး၂ဦးမှာ ပေါင်ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ဇနီးဖြစ်သူမှာလဲ ဦးခေါင်းတွင် ပြင်းထန်ဒဏ်ရာရရှိခဲ့တာပဲ ဖြစ်သည်။

ထိုသို့ ဒဏ်ရာများရရှိခဲ့တာကြောင့် ဆေးကုသမှုခံယူနေစဥ် ဦးခေါင်းဒဏ်ရာရရှိခဲ့သည့် အသက်၃၂နှစ်အရွယ် မထွှားငယ်ဆိုသူသည် ယမန်နေ့ ညနေ ၅နာရီဝန်းကျင်အချိန်ခန့်မှာ လွိုင်ကော်ဆေးရုံ၌ ဆုံးပါးသွားခဲ့တာပဲဖြစ်သည်။

“ညနေ၅နာရီကဆုံးတယ် ဆေးကုသနေရင်းပဲဆုံးတယ် ကလေးတွေကတော့ အသက်အန္တရာယ်မစိုးရိမ်ရဘူးဗျ”ဟု ရွှေလွိုင်ကော် ပရဟိတအသင်းဝင်တစ်ဦးကCJ Platformကိုပြောသည်။

ကရင်နီပြည်အတွင်း စစ်ကောင်စီတပ်၏ လက်နက် ကြီးထိမှန်မှုနှင့် ကျန်းမာရေးစောင့်ရှောက်မှု မရရှိမှုများကြောင့် သေဆုံးခဲ့ရသည့် စစ်ရှောင်ရေအတွက် ဟာ ၇၀ဦး နီးပါးထိ ရှိနေပြီပဲဖြစ်သည်။