တရုတ်နိုင်ငံမှာ မြန်မာလေတပ်ပိုင် လေယာဉ်သစ်နှစ်စင်းကို တွေ့ရှိ

Author CJ Platform
Categories
Published on Jun 23, 2025

တရုတ်နိုင်ငံ ကူမင်းအပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ မြန်မာလေတပ်ပိုင် လေယာဉ်နှစ်စင်းကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ Myanmar Witness က ဒီကနေ့ ဇွန်လ ၂၃ရက်နေ့မှာ ထုတ်ပြန်လာခဲ့ပါတယ်။

 

ကူမင်းအပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ရပ်နားထားတဲ့ မြန်မာစစ်တပ်ပိုင် လေယာဉ်နှစ်စဉ်းဟာ Shaanxi Y-8F-200W နည်းဗျူဟာမြောက် သယ်ယူပို့ဆောင်ရေးလေယာဉ်တွေဖြစ်ပြီး အမြီးနံပတ်မှာ 5923နဲ့ 5924 ကိုရေးသားထားတာ တွေ့ရှိရတယ်လို့ သိရပါတယ်။

 

စစ်ကောင်စီဟာ ဝန်ဆောင်နိုင်စွမ်းနဲ့ ဘက်စုံအသုံးပြုနိုင်တဲ့ Y-8 လေယာဉ်တွေကို တိုးချဲ့ အသုံးပြုနေတယ်လို့လည်း Myanmar Witness က သုံးသပ်ထားပါတယ်။

 

ဒီလေယာဉ်သစ်နှစ်စင်းသာ မြန်မာနိုင်ငံကို ရောက်ရှိလာပါက စစ်ကောင်စီရဲ့ ထောက်ပံ့ပိုးဆောင်နေရးနဲ့ လည်ပတ်နိုင်မှုစွမ်းရည်ကို ပိုတိုးပွားစေမှာပဲ ဖြစ်ပါတယ်။

 

ဓာတ်ပုံ – Myanmar Witness