ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှစ် ၈၀ ပြည့်မွေးနေ့ မြဝတီမှာ ဗီနိုင်း ထောင်ထား

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့် မွေးနေ့ဖြစ်တဲ့ ဒီကနေ့ ဇွန်လ ၁၉ရက်နေ့မှာ သူ့ကိုချစ်မြတ်နိုးသူတွေက မြဝတီမြို့ ဘုရင့်နောင်ဈေးရှေ့မှာ ဗီနိုင်းချိတ်ဆွဲ ဂုဏ်ပြုကာ မွေးနေ့ဆုတောင်း ပေးခဲ့ကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုပ်ပုံနဲ့ ဗီနိုင်း ၂ ခုကို ဘုရင့်နောင်ဈေး အဝင်တံခါးမှာ ချိတ်ဆွဲခဲ့တာပါ။
ဗီနိုင်းပေါ်မှာ “Happy 80 Birthday” နဲ့ “SUU 80” လို့ ရေးသားထားတာ တွေ့ရပါတယ်။
မနေ့ကလည်း ဘုရားသုံးဆူမြို့မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အဖြစ် ဗီနိုင်းချိတ်ဆွဲကာ ဂုဏ်ပြုခဲ့ကြပါတယ်။
ဓာတ်ပုံ – CJ