ကြိုးကြာအင်းရွာက ရာအိမ်မှူးက ဧည့်စာရင်းတိုင်ခတွေ ပိုတောင်းနေပြီး ပြည်သူပိုင်ပစ္စည်းတွေကိုပါ ရောင်းချနေလို့ဆို

Author CJ Platform
Categories
Published on Jun 18, 2025

နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ် ကန်သာအုပ်စု ကြိုးကြာအင်းကျေးရွာက ရာအိမ်မှူးဖြစ်သူ ဦးမောင်လွင်ဟာ ဧည့်စာရင်းတိုင်ခတွေ ပိုတောင်းနေပြီး ပြည်သူပိုင်ပစ္စည်းတွေကိုပါ ရောင်းချကာ ကိုယ်ကျိုးအတွက် အသုံးပြုနေတယ်လို့ ဒေသခံတွေက ရင်ဖွင့်ပါတယ်။

 

ရာအိမ်မှူး ဦးမောင်လွင်ဟာ ဧည့်စာရင်းတိုင်ခအဖြစ် တစ်ဦးကို ငါးထောင်ကျပ်ကနေ တစ်သောင်းကျပ်အထိ ကောက်ခံနေတယ်လို့ ဆိုပါတယ်။

 

ဒါ့အပြင် ၂၀၂၄ခုနှစ်က ပျက်စီးသွားတဲ့ ကြိုးကြာအင်း-ကံသာ ဆက်သွယ်ရေး ချောင်းကူးတံတားကို ပြန်လည် ပြုပြင်ရာမှာ ကျေးလက်ဖွံဖြိုးရေးဦးစီးဌာနက ပံ့ပိုးငွေ ၃၀ကျပ်အပြင် ကျေးရွာက စုပေါင်းလှူဒါန်းတဲ့ ကျပ်သိန်း၁၀၀ကျော်ပါ အသုံးပြုပြီး ပြုပြင်ခဲ့ပေမဲ့ ဦးမောင်လွင်က အဂတိလိုက်စားခဲ့တာကြောင့် တံတားအသစ်ဟာ တစ်လတောင် မခံဘဲ ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

 

ကျေးလက်ဒေသဖွံဖြိုးရေးဦးစီးဌာနက ကျေးရွာသောက်သုံးရေရရှိရေးအတွက် လှူဒါန်းပေးထားတဲ့ စက်ရေတွင်းသုံး အင်ဂျင်စက်တွေကိုလည်း ရာအိမ်မှူး ဦးမောင်လွင်က ရောင်းချပြီး ကိုယ်ကျိုးအတွက် အသုံးပြုခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

 

ဒီသတင်းဟာ CJ Platform ရဲ့ Citizen Journalists တစ်ဦးပေးပို့လာတဲ့ သတင်းဖြစ်ပါတယ်။

 

CJ Platform ရဲ့ CJ Report ကဏ္ဍအတွက် သတင်းပေးပို့လိုပါက  CJ Platform Facebook Page Messenger ကနေဖြစ်စေ၊ Telegram မှာ @cjreport1 လို့ ရှာဖွေပြီး ပေးပို့နိုင်ပါတယ်။