မိတ္ထီလာမှာ ခရီးသည်တင်ယာဉ်တစ်စီး တိမ်းမှောက်ရာမှ ၆ဦး သေဆုံးပြီး ၁၁ဦးဒဏ်ရာရ

Author CJ Platform
Categories
Published on Jun 02, 2025

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်မှာ ဒီကနေ့ ဇွန် ၂ရက်နေ့ မနက် ၃နာရီခွဲခန့်က ခရီးသည်တင် မော်တော်ယာဉ်တစ်စီး တိမ်းမှောက်ရာမှ (၆)ဦးသေဆုံးပြီး (၁၁)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဆီက သိရပါတယ်။

မိတ္ထီလာ-ကျောက်ပန်းတောင်းကားလမ်း မိုင်တိုင်အမှတ် ၁၄/၃နဲ့ မိုင်တိုင်အမှတ် ၁၄/၄ အကြားမှာ တိမ်းမှောက်ခဲ့တာဖြစ်ပြီး မိတ္ထီလာခရိုင် မီးသတ်စခန်းကနေ ရှာဖွေကယ်ဆယ်ရေးယာဉ် ၁စီး၊ မီးငြှိမ်းသတ်ယာဉ် ၁စင်း၊ သူနာတင်ယာဉ် ၁စင်းနဲ့ သွားရောက် ကူညီပေးခဲ့ရတယ်လို့ သိရပါတယ်။

 

သေဆုံးသူတွေနဲ့ ထိခိုက်ဒဏ်ရာရရှိသူတွေကို ကြက်ခြေနီသူနာတင်ယာဉ်နဲ့ ပြည်သာယာ(တောင်) လူမှုကူညီရေးအသင်းက သူနာတင်ယာဉ်တွေနဲ့ မိတ္ထီလာဆေးရုံကို ပို့ဆောင်ပေးထားတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဆီက သိရပါတယ်။

 

ဓာတ်ပုံ – မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့