ရွေးကောက်ပွဲအတွက် လိုက်လံစည်းရုံးနေသည့် ကြံ့ဖွံ့ပါတီဝင် ဦးထင်တိုင်းတို့ လင်မယား အပစ်ခံရ၊ အလောင်းလာကောက်မည့်သူမရှိ

Author ကိုပေါက်
Categories
Published on Oct 24, 2022

စစ်ကိုင်းမြို့နယ်တွင် ရွေးကောက်ပွဲအတွက် လိုက်လံစည်းရုံးပေးနေသည့် ကြံ့ဖွံ့ပါတီဝင်လင်မယား ယနေ့ နံနက်ပိုင်းက သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးသွားပြီးနောက် အလောင်း လာရောက်သယ်ယူမည့် သူ မရှိကြောင်း မြို့ခံတွေဆီက သိရသည်။

စစ်ကိုင်းမြို့နယ် ညောင်ပင်ဝန်းစျေးအနီးတွင် ယနေ့ နံနက် ၈နာရီက ကြံ့ဖွံ့ပါတီဝင်လင်မယားနှစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးသွားသည်ဟု ဒေသခံတစ်ဦးက CJ Platform ကိုပြောသည်။

“ကြံ့ဖွံ့တွေ အခုရက်ပိုင်း လူပြန်စုနေတာ ကြာပြီ စစ် တပ်အားကိုးနဲ့ ပြည်သူ့စစ်တွေလည်းပါတယ် အခုသေနတ်နဲ့အပစ်ခံရတော့ အလောင်းတောင် လာကောက်မဲ့သူတောင် မရှိဘူး”ဟု ပြောသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရသူနှစ်ဦးမှာ ညောင်ပင်ဝန်းကျေးရွာ ရွာလယ်ရပ်နေ ကြံ့ဖွံ့ပါတီဝင် ဦးထင်တိုင်းနှင့်ဒေါ်သီတာဦး တို့ဖြစ်ပြီး စျေးဝယ်ထွက်သည့်အချိန် သေနတ်ဖြင့် ပစ်ခတ်ခံရတာ ဖြစ်သည်ဟု မြို့ခံတစ် ဦးက CJ Platform ကို ပြောသည်။

“စစ်တပ်ရော ပြည်သူ့စစ်ရော အားမကိုးနဲ့ ကိုယ်ဖြစ် ကိုယ်ခံရမှာ ပါတီကနေလာပြီး အသုဘချပေးမှာ မဟုတ်ဘူး”ဟုပြောသည်။

လက်ရှိအခြေအနေတွင် သေဆုံးသွားသည့် ကြံ့ဖွံ့ပါတီဝင်နှစ်ဦး၏ အလောင်းကို စစ်ကောင်စီတပ် ၊ရဲနှင့် ပြည်သူ့စစ်များ လာရောက် သယ်ယူခြင်းမရှိသည်ကို မြို့ခံတွေဆီက သိရသည်။

Related News

Depend on news