ဆိပ်ဖြူမြို့နယ်အတွင်း လုံခြုံရေးအရ လမ်းပိုင်းအချို့ကို အသုံးမပြုဖို့ တားမြစ်

Author CJ Platform
Categories
Published on May 14, 2025

ပခုက္ကူခရိုင် ဆိပ်ဖြူမြို့နယ် အတွင်းရှိ ပုသိမ်-မုံရွာ လမ်းပိုင်းအပါအဝင် အခြားလမ်းပိုင်း အားလုံးတို့ကို မနက်ဖြန် ၁၅ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ သွားလာမှုမပြုလုပ်ဖို့ ပခုက္ကူခရိုင် အမှတ် ၁၁ တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။

 

နယ်‌မြေလုံခြုံ‌ရေးနဲ့ စစ်ရေးလိုအပ်ချက်အရ ဖြတ်သန်းသွားလာခွင့်ကို ပိတ်ပင်ထားတာဖြစ်ပြီး အရေးကြီး ကျန်းမာရေးကိစ္စ‌တွေ အတွက်တော့ သွားလာခွင့်ပြုတယ်လို့ ဆိုပါတယ်။

 

အဲဒီလိုပိတ်ပင်ရာမှာ ကား၊ ဆိုင်ကယ် အပါအဝင် မည်သည့် ယာဉ်ကိုမှ ဖြတ်သန်းသွားလာခွင့်‌ ပေးမှာမဟုတ်ဘဲ ခွင့်ပြုချက်မရှိဘဲ ဖြတ်သန်းသွားလာပါက ဖြစ်ပေါ်လာမဲ့ ထိခိုက်နစ်နာမှုတွေကို တာဝန်ယူမှာ မဟုတ်ဘူးလို့ ထုတ်ပြန်ချက်ထဲ ပါဝင်ပါတယ်။

 

လမ်းအသုံးပြုဖို့ ပိတ်ပင်ထားရာမှာ ပြည်သူတွေအပြင် လမ်းပိုင်းကို အသုံးပြု သွားလာ‌နေတဲ့ အဖွဲ့အစည်းအားလုံးကိုပါ အသိပေး ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

 

ပခုက္ကူခရိုင် အမှတ် ၁၁ တပ်ရင်း ပူးပါင်းတပ်ဖွဲ့တွက ပြီခဲ့တဲ့ ဇန်နဝါရီအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ ဦးနဲ့ ထိတွေ့မှု ဖြစ်ပွားခဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ ဦးသေဆုံးခဲ့ပါတယ်။