၆၂ နှစ်မြောက် KIO အထိမ်းအမှတ် ဂီတဖျော်ဖြေပွဲအား စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကြဲမှုကြောင့် လူ သုံးဆယ်ကျော်ေ-သဆုံး
၆၂ နှစ်မြောက် KIO နေ့ အထိမ်းအမှတ် အဖြစ် အောက်တိုဘာ ၂၃ ရက်ညပိုင်း၌ ဂီတဖျော်ဖြေပွဲပြုလုပ်နေစဉ် အကြမ်းဖက် စစ်ကောင်စီသည် တိုက်လေယာဉ် အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူသုံးဆယ် ကျော် ေ-သဆုံးခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ် များထံမှ စုံစမ်းသိရှိရသည်။
အောက်တိုဘာ ၂၅ ရက်တွင် ကျရောက်မည့် ၆၂ နှစ် မြောက် KIO နေ့ အထိမ်းအမှတ်အဖြစ် အောက်တိုဘာ ၂၃ ရက် ည ၈နာရီခွဲခန့်တွင် KIA တပ်မဟာ ၉ နယ်မြေ၊ ဖားကန့်၊ အနန့်ပါ ၌ ဖျော်ဖြေပွဲ ပြုလုပ်နေစဉ် တိုက်လေယာဉ်သုံးစင်းဖြင့် ဗုံးကြဲမှုကြောင့် ကချင် နာမည်ကျော်အဆိုတော Aurali Lahpai အပါအ၀င် လူသုံးဆယ်ကျော်သေဆုံးခဲ့ခြင်းဖြစ်သည်။
“ သေဆုံးတာက ပြည်သူတွေကော၊ KIA အရာရှိတွေကောပါတယ်ကြားတယ်။ အနည်းဆုံး လူသုံးလေးငါးဆယ်လောက်သေတယ်။ အတိအကျတော့ မသိရ သေးဘူး” ဒေသခံ သတင်းအရင်းမြစ်တစ်ဦးက ပြောကြားသည်။
အဆိုပါ အကြမ်းဖက်စစ်ကောင်စီတပ်၏ တိုက်ခိုက်မှုကြောင့် ကချင်အနုပညာရှင်အသင်း ဥက္ကဟောင်း ရုပ်ရှင်နှင့် ဗီဒီယို သရုပ်ဆောင် ဇော်ဒိန်လည်း ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်းလည်းသိရသည်။
တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်အပြင် အရပ်သားပြည် သူများမှ ဂီတပွဲတက်ရောက်ချိန်၌ စစ်ကောင်စီတပ် များက လေကြောင်းအသုံးပြုပြီး ပစ်မှတ်ထားတိုက် ခိုက်မှုသည် နိုင်ငံတကာ စစ်ရာဇ၀တ်မှု ကျူးလွန်ခြင်းဖြစ်ကြောင်းလည်း သုံးသပ်မှုများရှိနေသည်။
ဓာတ်ပုံ – Google