အလုပ်သမားအခွင့်ချိုးဖောက်ခံရမှုကို ထုတ်ဖော် ပြောကြားသည့် အလုပ်သမားအား အလုပ်ရှင်မှ ခြိမ်းခြောက်၍ ရှောင်ပုန်းနေရ
အထည်ချုပ်စက်ရုံအတွင်း အလုပ်သမားများ၏ လုပ်သားအခွင့်အရေးချိုးဖောက်ခံရမှုကို အလုပ် သမားသမဂ္ဂတစ်ခုမှ ဖော်ပြသည့် Facebook Postအောက်တွင် လုပ်သားအခွင့်အရေး ချိုးဖောက် ခံနေရကြောင်း ထုတ်ဖော်ပြောကြားသည့်အလုပ် သမားကို အလုပ်ရှင်မှ ခြိမ်းခြောက်ပြောဆိုမှုများကြောင့် ထွက်ပြေး တိမ်းရှောင်နေရကြောင်း ထိုအလုပ်သမားနှင့် နီးစပ်သူများထံမှ သိရသည်။
မြန်မာနိုင်ငံ အထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် FGWM၏ pageတွင် ပြီးခဲ့သည့် အောက်တို ဘာလ ၁၈ ရက်နေ့၌ တရုတ်နိုင်ငံသားပိုင် Myanmar LNY CAPS အထည်ချုပ်စက်ရုံအတွင်းမှာ အလုပ် သမားများ၏ အခွင့်အရေးချိုးဖောက်ခံနေမှုနှင့် ပတ်သက်ပြီး ထုတ်ပြန်ထားသည့် Postအောက်တွင် အလုပ်သမားများ အခွင့်အရေးချိူးဖောက်ခံနေရသည်မှာ ဟုတ်မှန်ကြောင်း Commentဝင်ရေးခဲ့သည့် အလုပ်သမားတစ်ဦးကို အလုပ်ရှင်မှ ခြိမ်းခြောက် ပြောဆိုနေတာကြောင့် ထိုအလုပ်သမား တိမ်းရှောင် ထွက်ပြေးနေရတာပဲ ဖြစ်သည်။
ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် ရွှေသံလွင် စက်မှုဇုန်မှာရှိသည့် Myanmar LNY CAPSစက်ရုံသည် အလုပ်သမားများကို အချိန်ပိုကြေးမပေးပဲ ည ၉ နာရီထိ အချိန်ပိုခေါ်ကာ ခိုင်းစေနေပြီး ကလေးလုပ်သားများလဲထားရှိကာ ခြိမ်းခြောက်အလုပ်ခိုင်းစေမှုများလည်း ရှိနေတာပဲ ဖြစ်သည်။
ထိုသို့စက်ရုံဘက်မှ အလုပ်သမားများအပေါ် အခွင့်အရေးချိုးဖောက်မှုများလုပ်ဆောင်နေမှုကို အလုပ်သမားတချို့မှ မြန်မာနိုင်ငံ အထွေထွေအလုပ် သမားသမဂ္ဂများအဖွဲ့ချုပ် FGWMသို့ တိုင်တန်းခဲ့ပြီး FGWMမှ ထုတ်ပြန်သည့် postအောက်တွင် Comment ဝင်ရေးခဲ့သည့် အလုပ်သမားတစ်ဦးဖြစ် သူ ကိုခန့် (အမည်လွှဲ)အား အလုပ်ရှင်ဘက်မှ ရဲ ခေါ်ကာ ဖမ်းဆီးမှုများ လုပ်ဆောင်မည်ဟု ခြိမ်းခြောက်ပြောဆိုတာကြောင့် ထွက်ပြေးတိမ်းရှောင်နေရခြင်း ဖြစ်သည်။
“သူတို့က ရဲခေါ်ပြီး ဖမ်းမယ်လုပ်တာ အဲ့ကောင်လေးက စက်ရုံက လူဟောင်း အိုတီဆင်းပြီး လမ်းလျောက် ပြန်နေရတာ သူကမြင်တော့ ဝင်ပြောတာ စက်ရုံထဲက အလုပ်သမားတွေလဲ ခြိမ်းခြောက်ခံနေရတယ် သ တင်းပေးတဲ့လူကို တရားဆွဲမယ်လို့ ပြောတယ် အလုပ်သမားတွေလဲ ကြောက်နေရတယ်”ဟု FGWMမှ တာဝန်ရှိသူတစ်ဦးမှ CJ Platformကို ပြောသည်။
ထို့အပြင် အလုပ်သမားများ၏ လုပ်သားအခွင့်အ ရေး ချိူးဖောက်ခံရမှုများ ထုတ်ဖော်ပြောကြားသည့် အဖွဲ့အစည်းများ သမဂ္ဂများ၏အောက်တွင် သတင်းမှားဖြစ်အောင် မဟုတ်မမှန် comments ဝင်ရေးကြဖို့နှင့် Reportထုကြဖို့ အလုပ်ရှင်အသိုင်းအဝိုင်းမှ groupsများဖွဲ့ ကာလုပ်ဆောင်နေကြောင်းလဲသိရသည်။
မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အထည်ချုပ်လုပ်ငန်းများမှာ လုပ်သားများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုနှင့် လုပ်သားအခွင့်အ ရေးချိုးဖောက်မှုများဟာ တနေ့တခြား ပိုမိုဆိုးဝါးလျက်ရှိနေသည်။
စစ်ကောင်စီမှ အလုပ်သမားအခွင့်အရေးအား ဥပဒေပါအတိုင်း ကာကွယ်ပေးခြင်းမရှိဘဲ ILO၏ မြန်မာနိုင်ငံအတွင်း အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုဖြစ်စဉ်များအား ဖော်ပြချက်များကိုပါ သတင်းမှားများဖြင့် ပြန်လည်တုံ့ပြန်နိုင်ရန် စစ်ကောင်စီဦးဆောင်သည့် စုံစမ်းစစ်ဆေးရေးကော်မရှင်အား ဖွဲ့စည်းကာ သတင်းအမှားများ ဖြန့်ဖြူးရန် စီစဉ်ဆောင်ရွက်နေလျှက် ရှိနေသည်။