မြန်မာရွေ့ပြောင်းလုပ်သားတွေ အများစု နေထိုင်ကြတဲ့ မဲဆောက်မြို့က ညောင်ရေသွန်းပွဲ
မြန်မာရွေ့ပြောင်းလုပ်သားတွေ အများစု နေထိုင်ကြတဲ့ ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ ကဆုန်လပြည့်နေ့ ဗုဒ္ဓနေ့ဖြစ်တဲ့ ဒီကနေ့ မေလ ၁၁ရက်နေ့မှာ ညောင်ရေသွန်းပွဲတော် စုပေါင်းကျင်းပခဲ့ကြပါတယ်။
ကျောင်းကြီးကျောင်းတိုက်အတွင်းမှာ ကျင်းပတဲ့ ညောင်ရေသွန်းပွဲတော်ကို မြန်မာရွေ့ပြောင်းလုပ်သားတွေသာ မကဘဲ ထိုင်းနိုင်ငံသားတွေပါ ဝင်ရောက် ကုသိုလ်ယူ ဆင်နွှဲခဲ့ကြပါတယ်။