ပြည်သူကို မကယ်တဲ့ လူကယ်ပြန်

ငလျင်လှုပ်ခတ်မှုအပြီး စစ်ကောင်စီလက်အောက်ခံ အစိုးရအဖွဲ့အပေါ် မေးခွန်းထုတ်စရာ အများအပြားရှိခဲ့သည်။ သဘာဝဘေး ကြုံတွေ့ရချိန်တွင် အရေးပါဆုံးဖြစ်နေသည့် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာစိုးဝင်းသည် ပြည်သူလူထုနှင့် ထိတွေ့မှုမှာ (၃)ကြိမ်သာ ရှိခဲ့ပြီး၊ စစ်ဘက်ဆိုင်ရာနှင့် ဌာနဆိုင်ရာဝန်ထမ်းများကို တွေ့ဆုံမှုသည် (၈)ကြိမ်ရှိခဲ့သည်။ ငလျင်ဒဏ်သင့် ပြည်သူများကို သွားရောက်တွေ့ဆုံ ကူညီမှု (၃)ကြိမ်သာ လုပ်ဆောင်ခဲ့သည့် အထက်ပါ ပြည်ထောင်စုဝန်ကြီးသည် နိုင်ငံတကာ သံတမန်များ နိုင်ငံတကာအစိုးရအဖွဲ့မှ တာဝန်ရှိသူများနှင့်မူ (၄)ကြိမ် တွေ့ဆုံခဲ့သည်။
အလားတူ
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု
ဒုတိယဝန်ကြီး ဦးစိုးကြည်သည် ပြည်သူလူထုနှင့် တွေ့ဆုံမှု လုံးဝ လုပ်ဆောင်ခဲ့ခြင်း
မရှိဘဲ စစ်ဘက်ဆိုင်ရာနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများကို တွေ့ဆုံမှုကိုသာ (၅)ကြိမ်
လုပ်ဆောင်ခဲ့သည်။
ငလျင်လှုပ်ခတ်မှုအပြီး တစ်လတာကာလတွင် စစ်ကောင်စီအဖွဲ့ဝင်များနှင့် ၎င်းတို့ ဖွဲ့စည်းထားသည့် အစိုးရအဖွဲ့ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယပြည်ထောင်စုဝန်ကြီးနှင့် အတွင်းဝန်များသည် ပြည်သူလူထုနှင့် တွေ့ဆုံမှုမှာ စုစုပေါင်း (၈၈)ကြိမ်သာ လုပ်ဆောင်ခဲ့သော်လည်း စစ်ဘက်ဆိုင်ရာနှင့် ဌာနဆိုင်ရာဝန်ထမ်းများကို တွေ့ဆုံမှုသည် (၃၇၂) ကြိမ်ရှိခဲ့သည်။ နိုင်ငံတကာသံတမန်များ၊ နိုင်ငံတကာအစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် တွေ့ဆုံမှုကို (၈၇)ကြိမ်သာ လုပ်ခဲ့သည်။
ငလျင်အပြီး တစ်လတာမှာ စစ်ကောင်စီ ဘာတွေလုပ်ခဲ့လဲ ?
https://drive.google.com/file/d/1llcP7wYWab0kaAFU3ndKVWJh9YmQQltL/view?usp=drive_link