စာမေးပွဲအဖြေလွှာတွေ မီးလောင်ကုန်လို့ ပြန်ဖြေခိုင်းတဲ့ ပညာရေးဝန်ကြီးဌာန ဘာလုပ်နေလဲ

အင်အားပြင်းငလျင်လှုပ်ခတ်ချိန်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုထားကြသည့် ကျောင်းသူ၊ကျောင်းသား ၆၃၀၀၀ ခန့်၏ အဖြေလွှာများ မီးလောင်ပျက်စီးခဲ့သည်။ ကျောင်းသူ၊ကျောင်းသားများကို စာမေးပွဲ ပြန်ဖြေရန် ညွှန်ကြားခဲ့သည့် ပညာရေးဝန်ကြီးဌာနသည် ငလျင်အပြီး တစ်လတာတွင်း ပြည်သူလူထုနှင့် ထိတွေ့မှုကို တစ်ကြိမ်သာ လုပ်ဆောင်ကာ ပြည်သူ့အသံကို နားထောင်ခဲ့သည်။
ငလျင်လှုပ်ခတ်မှုအပြီး တစ်လတာကာလတွင် စစ်ကောင်စီအဖွဲ့ဝင်များနှင့် ၎င်းတို့ ဖွဲ့စည်းထားသည့် အစိုးရအဖွဲ့ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယပြည်ထောင်စုဝန်ကြီးနှင့် အတွင်းဝန်များသည် ပြည်သူလူထုနှင့် တွေ့ဆုံမှုမှာ စုစုပေါင်း (၈၈)ကြိမ်သာ လုပ်ဆောင်ခဲ့သော်လည်း စစ်ဘက်ဆိုင်ရာနှင့် ဌာနဆိုင်ရာဝန်ထမ်းများကို တွေ့ဆုံမှုသည် (၃၇၂) ကြိမ်ရှိခဲ့သည်။ နိုင်ငံတကာသံတမန်များ၊ နိုင်ငံတကာအစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် တွေ့ဆုံမှုကို (၈၇)ကြိမ်သာ လုပ်ခဲ့သည်။
ငလျင်အပြီး တစ်လတာမှာ စစ်ကောင်စီ ဘာတွေလုပ်ခဲ့လဲ ?
https://drive.google.com/file/d/1llcP7wYWab0kaAFU3ndKVWJh9YmQQltL/view?usp=drive_link