ရာထူးယူပြီး သုံးစားမရတဲ့ စစ်ကောင်စီ ဥက္ကဌရုံး ဝန်ကြီးဌာနတွေ

Author CJ Platform
Categories
Published on May 04, 2025

စစ်ကောင်စီလက်အောက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌရုံး ဝန်ကြီးဌာန လေးခုအထိ ရှိနေသည်။ ယင်း ဝန်ကြီးဌာနများတွင် တာဝန်ယူထားသည့် ပြည်ထောင်စုဝန်ကြီးများနှင့် ဒုဝန်ကြီးများသည် ငလျင်အပြီး တစ်လတာအတွင်း မည်သည့် လှုပ်ရှားမှုများမှ မရှိသည်ကို တွေ့ရှိရသည်။

ငလျင်လှုပ်ခတ်မှုအပြီး တစ်လတာကာလတွင် စစ်ကောင်စီအဖွဲ့ဝင်များနှင့် ၎င်းတို့ ဖွဲ့စည်းထားသည့် အစိုးရအဖွဲ့ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယပြည်ထောင်စုဝန်ကြီးနှင့် အတွင်းဝန်များသည် ပြည်သူလူထုနှင့် တွေ့ဆုံမှုမှာ စုစုပေါင်း (၈၈)ကြိမ်သာ လုပ်ဆောင်ခဲ့သော်လည်း စစ်ဘက်ဆိုင်ရာနှင့် ဌာနဆိုင်ရာဝန်ထမ်းများကို တွေ့ဆုံမှုသည် (၃၇၂) ကြိမ်ရှိခဲ့သည်။ နိုင်ငံတကာသံတမန်များ၊ နိုင်ငံတကာအစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် တွေ့ဆုံမှုကို (၈၇)ကြိမ်သာ လုပ်ခဲ့သည်။

 

ငလျင်အပြီး တစ်လတာမှာ စစ်ကောင်စီ ဘာတွေလုပ်ခဲ့လဲ ?

https://drive.google.com/file/d/1llcP7wYWab0kaAFU3ndKVWJh9YmQQltL/view?usp=drive_link

 

Related News

Depend on news