စဉ့်ကူးကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲ ၅လအရွယ် ကလေးငယ်အပါ ၄ဦး ဒဏ်ရာရ

Author CJ Platform
Categories
Published on Apr 22, 2025

မန္တလေးတိုင်း သပိတ်ကျင်းခရိုင် စဉ့်ကူးမြို့နယ် အောက်ဇီးကုန်းကျေးရွာကို စစ်ကောင်စီက ဧပြီလ ၂၁ရက်နေ့ ညနေ ၃နာရီခွဲမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ၅လအရွယ် ကလေးငယ်တစ်ဦး အပါအဝင် ပြည်သူ ၄ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်လာပါတယ်။

စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် ပြည်သူ ၄ဦး ထိခိုက်ဒဏ်ရာရှိခဲ့တဲ့အပြင် နွာတစ်ကောင် ၊ ဝက် ၄ကောင်သေဆုံးပြီး နေအိမ် ၃လုံးလည်း ပျက်စီးသွားခဲ့ရတယ်လို့ သိရပါတယ်။

 

စစ်ကောင်စီဟာ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတာကြောင့် ပြည်သူတွေအနေနဲ့ ပုန်းခိုကျင်းတွေ တူးထားဖို့လည်း ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က နှိုးဆော်ထားပါတယ်။

 

ဓာတ်ပုံ – ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့