နေပြည်တော်လမ်းပိုင်းမှာ ဖမ်းမိထားတဲ့ စစ်ကောင်စီ ဗိုလ်မှူးနဲ့အဖွဲ့ကို စစ်ကောင်စီက ပစ်ခတ်လို့ သေဆုံး

နေပြည်တော် ဥတ္တရသီရိမြို့နယ် လမ်းပိုင်းတစ်နေရာမှာ အဖိနှိပ်ခံ ပြည်သူ့တော်လှန်ရေးအင်အားစု – ပြည်သူ့လွတ်မြောက်ရေးတပ်မတော် OPRF – PLA က ပြီးခဲ့တဲ့ ဧပြီလ ၁၉ ရက်နေ့က လမ်းပိုင်းကို ထိန်းချုပ် စစ်ဆေးစဉ် ဖမ်းမိထားတဲ့ စစ်ကောင်စီ ဗိုလ်မှူးနဲ့အဖွဲ့ကို စစ်ကောင်စီက ပစ်ခတ်တာကြောင့် သေဆုံးသွားခဲ့တယ်လို့ OPRF – PLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်ကောင်စီရဲ့ အမှတ် (၁၃) ကာကွယ်ရေးပစ္စည်းစက်ရုံက ဗိုလ်မှူးဖြိုးမင်းကျော် နဲ့ တပ်ဖွဲ့ဝင် နှစ်ဦးတို့ နေပြည်တော်လမ်းပိုင်းမှာ တော်လှန်ရေးတပ်ဖွဲ့ OPRF – PLA က ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး OPRF – PLA တပ်ဖွဲ့တွေ ပြန်လည်ဆုတ်ခွာချိန် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“ လမ်းအတိုင်းလာရင်း ဖမ်းဆီးခဲ့တာပါ။ ရန်သူ့ဗိုလ်မှူးနဲ့ အဖွဲ့ထံက စစ်ဘက်ဆိုင်ရာ အသုံးအဆောင်တွေ ငွေကြေးတွေ အပါအဝင် ကာလတန်ဖိုး ကျပ်သိန်းနှစ်ထောင်ကျော် သိမ်းဆည်းနိုင်ခဲ့ပါတယ်” လို့ OPRF – PLA ရဲ့ တာဝန်ရှိသူတစ်ဦးက CJ Platform ကိုပြောပါတယ်။
စစ်ကောင်စီ ကပစ စက်ရုံရဲ့ ဗိုလ်မှူးနဲ့အတူ အမှတ် (၉၁၀) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း အမှတ် (၃) တပ်ခွဲ က တပ်ကြပ် အောင်ဇော်နိုင်နဲ့ ရဲ ဒုတပ်ကြပ် ထွန်းပြည့်စုံ တို့ပါဝင်ခဲ့ပြီး ၎င်းတို့ နှစ်ဦးလည်း စစ်ကောင်စီရဲ့ ပစ်ခတ်မှုကြောင့်ဘဲ သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်း အဖိနှိပ်ခံပြည်သူ့တော်လှန်ရေးအင်အားစု – ပြည်သူ့လွတ်မြောက် ရေးတပ်မတော် OPRF – PLA ကတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိအောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ပြီး တပ်တွင်းသတင်းများအရ အခုလို လှုပ်ရှားနိုင်ခဲ့တာြဖစ်တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – PLA