ငလျင်ဘေး ကြုံတွေ့ခဲ့ရတဲ့ တောင်ကြီးမြို့မှာ စစ်ကောင်စီက စစ်မှုထမ်းမဲနှိုက်ဖို့ လိုက်ခေါ်နေ

Author CJ Platform
Categories
Published on Apr 06, 2025

ငလျင်ဘေးကြုံတွေ့ခဲ့ရတဲ့ ရှမ်းပြည် တောင်ကြီးမြို့မှာ စစ်ကောင်စီလက်အောက်ခံ ရတနာသီရိရပ်ကွက်ရုံးက စစ်မှုထမ်းမဲနှိုက်ဖို့ ပြည်သူတွေကို လိုက်ခေါ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

ရတနာသီရိရပ်ကွက်အတွင်းက နယ်မြေ(၈)မှာ ဧပြီ ၅ရက်နေ့က စစ်ကောင်စီခန့် အုပ်ချုပ်ရေးအဖွဲ့က ရပ်ကွက်အတွင်းက လူငယ်တွေကို စစ်မှုထမ်းအတွက် မဲနှိုက်ရမယ်လို့ လိုက်ခေါ်နေတာပဲ ဖြစ်ပါတယ်။

 

“သင်္ကြန်မတိုင်ခင် လူစားထိုး လူရှာလို့ရရင် ပိုက်ဆံပေးရမယ်၊ မရရင် သင်္ကြန်ပြီးတာနဲ့ မဲနှိုက်ရမယ်ဆိုပြီး ပြောတယ်”လို့ နယ်မြေ(၈)မှာ နေထိုင်တဲ့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

 

တောင်ကြီးမြို့ ရတနာသီရိရပ်ကွက်မှာ စစ်မှုထမ်းမဲပေါက်လို့ သွားရောက်ခဲ့ရတဲ့ လူငယ်တွေဟာလည်း အခုချိန်ထိ မိသားစုဝင်တွေနဲ့ အဆက်ပြတ်နေတာမို့ လူငယ်တွေအားလုံး စစ်မှုထမ်းဖို့ မလိုက်ချင်ကြဘူးလို့ ဆိုပါတယ်။

 

မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၁၈၆နှစ်အတွင်း အဆိုးဆုံးဖြစ်ခဲ့တဲ့ မတ်လ ၂၈ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် တောင်ကြီးမြို့မှာလည်း ထိခိုက်မှုတွေ ရှိခဲ့ပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်

 

ပုံစာ – တောင်ကြီးမြို့တွင် ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်နေပုံ

Related News

Depend on news