စစ်ရှောင်တွေ ခိုလှုံနေတဲ့ ဝေဠုဝန်ကျောင်း ပြိုကျပြီး ၆ဦးသေဆုံး

Author CJ Platform
Categories
Published on Mar 28, 2025

မြန်မာနိုင်ငံတစ်နိုင်ငံလုံး အပါဝင် အိမ်နီးချင်း ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံနဲ့ နိုင်ငံအချို့မှာ ဒီကနေ့ နေ့လယ် ၁၂နာရီ ၄၀မိနစ်ဝန်းကျင်ခန့်မှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် တောင်ငူမြို့မှာရှိတဲ့ ဝေဠုဝန်ကျောင်းတိုက် ပြိုကျခဲ့ပြီး

 

၆ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတစ်ဦးက CJ Platform ကို Messenger ကနေတဆင့် ကနဦး သတင်းပေးပို့ပါတယ်။

 

“ကိုရင်တစ်ပါးနဲ့ စစ်ရှောင်ကလေးခြောက်ယောက်တော့ သေသွားတယ်၊ ကယ်ဆယ်ရေးတွေ လုပ်နေတုန်းပါ”လို့ သူက သတင်းပေးပို့ပါတယ်။

 

အပြည့်အစုံကို ဆက်လက်တင်ပြနိုင်ဖို့ ကြိုးပမ်းနေပါတယ်။

 

ဓာတ်ပုံ – ပေးပို့