KNU ဗဟိုစစ်ရုံးချုပ် စစ်ရုံးနယ်မြေထဲ  ဒရုန်းနဲ့ သုံးကြိမ်ဗုံးကြဲခံရ

Author CJ Platform
Categories
Published on Mar 18, 2025

ကရင်ပြည် ဘားအံခရိုင် လှိုင်းဘွဲ့မြို့နယ်ထဲက ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ ဗဟိုဌာနချုပ်အနီးကို စစ်ကောင်စီက ဒီကနေ့ မနက် ၃ နာရီကျော်အချိန်မှာ ဒရုန်း သုံးစင်းနဲ့ လာရောက်တိုက်ခိုက်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးဆီကနေ သိရပါတယ်။

 

တိုက်ခိုက်မှုကြောင့် အဆောက်အအုံတချို့နဲ့ တိရိစ္ဆာန်တချို့ ထိခိုက်ပျက်စီးတာရှိပေမဲ့ လူထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။

 

“ လှေဆိပ်နားကို ကျတာပါ။ မဲသဝေါဘက်က လာတာဖြစ်နိုင်တယ်။ အသံကြားပြီးပေါက်တာ ပစ်မှတ်ကို” လို့ စစ်ရေးသတင်းရင်းမြစ်က CJ Platform ကိုပြောပါတယ်။

 

တပ်မဟာ ၇ ဌာနချုပ် အခြေစိုက်တဲ ဌာနဆိုင်ရာရုံးနေရာကို ၁၅ မိနစ်ခန့် ခြားကာ ဒရုန်း သုံးကြိမ်တိုက်ခိုက်ခံရတာဖြစ်တယ်လို့ လည်း သိရပါတယ်။

 

ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၁ ရက်နေ့ ကရင်အမျိုးသားတော်လှန်ရေးနေ့ကလည်း တပ်မဟာဌာနချုပ်ရှိရာ နေရာကို ဒရုန်းနဲ့ တိုက်ခိုက်ခံခဲ့ရသလို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၂၂ ရက်နေ့ကလည်း KNLA ဗဟို ဌာနချုပ်ကို တိုက်ခိုက်ခံခဲ့ရပါသေးတယ်။

 

ဓာတ်ပုံ – KNU

 

ပုံစာ – ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၁ ရက်ကကျင်းပခဲ့တဲ့ ၇၆ နှစ်မြောက် ကရင့်အမျိုးသား တော်လှန်ရေးနေ့အခမ်းအနားပြင်ဆင်နေပုံ (ပုံဟောင်း)