ရန်ကုန် – မန္တလေးလမ်းပေါ်က စစ်ကောင်စီစခန်း (၇)ခု တိုက်ခိုက်ခံရ

Author CJ Platform
Categories
Published on Feb 27, 2025

ပဲခူးတိုင်း ကျောက်တံခါးမြို့နယ်နဲ့ ဖြူးမြို့နယ်အတွင်း ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်ရှိ စစ်ကောင်စီတပ်စွဲထားတဲ့ ဂိတ်စခန်း (၇)ခုကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဖေဖေါ်ဝါရီ ၂၅ရက်နဲ့ ၂၆တွေမှာ တိုက်ခိုက်ဖျက်ဆီးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ NUG က သတင်းထုတ်ပြန်လာခဲ့ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲ လက်အောက်ရှိ အမှတ် (၃၇၀၂) တပ်ရင်း၊ အမှတ် (၃၅၀၂) တပ်ရင်း၊ Spring Warrior Column တပ်ရင်း၊ အာဠာဝကစစ်‌ကြောင်း(၇၈၀၃)၊ ဧရာဝတီစစ်ကြောင်း(၆၀၀၂)၊ စစ်တောင်းစစ်ကြောင်း၊ ရန်ကုန် ပကဖ၊ ဖြူး ပကဖ တို့နှင့် KNLA တပ်ရင်း ၉ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သား (၈)ဦးသေဆုံးကာ (၂)ဦး ဒဏ်ရာရရှိခဲ့ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ရဲဘော်တစ်ဦး ကျဆုံးခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

စစ်ရေးလှုပ်ရှားမှုတွေကို တိုးမြှင့်ဆောင်ရွက်မှာဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ စစ်ကောင်စီရဲ့ တပ်စခန်း ဂိတ်တွေအနီးကို မလိုအပ်ဘဲ မသွားလာကြဖို့ကိုလည်း အသိပေးထားပါတယ်။

 

ဓာတ်ပုံ – NUG