ကရင်အမျိုးသားနေ့ အထိမ်းအမှတ် Wisdom လူငယ်စွမ်းရည် မြှင့်တင်ရေးကျောင်းရဲ့ လှုပ်ရှားမှု

(၇၇)နှစ်မြောက် ကရင်အမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် ခလယ်လွီထူခရိုင် Wisdom လူငယ်စွမ်းရည် မြှင့်တင်ရေးကျောင်းက လှုပ်ရှားမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က ဒီကနေ့ ဖေဖေါ်ဝါရီ ၁၂ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။
ခလယ်လွီထူခရိုင် Wisdom လူငယ်စွမ်းရည်မြင့်တင်ရေးကျောင်းက ကျောင်းသူ၊ကျောင်းသားတွေ စုပေါင်းပြီးတော့ ဖေဖေါ်ဝါရီ ၁၁ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ ကရင်အမျိုးသားနေ့ကို ဂုဏ်ပြုကြိုဆိုတဲ့ အနေနဲ့ ကရင်လူမျိုးပေါင်း ၄၅၆၁၀၀ က မိမိတို့၏ဖြစ်တည်မှု၊ သဘောထား ရပ်တည်ချက်၊ လိုလားချက်၊ တစ်မျိုးသားလုံး စည်းလုံးညီညွတ်မှုကိုပြသတဲ့ ကြွေးကြော်သံ (၄) ချက်နဲ့ လူငယ်တွေရဲ့ လိုလားချက်နဲ့ ဆန္ဒတချို့ကို ထုတ်ဖော်ပြသခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – KNU