၂၀၂၅ မှာ မန်း PDF စစ်ကိုင်းမှာ စစ်မျက်နှာသစ် ဖွင့်တိုက်မယ်

Author အကြင်နာ
Categories
Published on Dec 30, 2024

ရှမ်းပြည်မြောက်ပိုင်းက ၁၀၂၇ စစ်ဆင်ရေးကို ပါဝင်တိုက်ခိုက်နေသလို မန္တလေးတိုင်းထဲက မြို့တွေသိမ်းထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က စစ်ကိုင်းတိုင်းမှာ စစ်မျက်နှာသစ်ဖွင့်တော့မယ်လို့ ဒီကနေ့ ညပိုင်းမှာ အသိပေးလိုက်ပါတယ်။

 

ဒီနှစ် ၂၀၂၄ တစ်နှစ်တာအတွင်း စစ်ကောင်စီကို အထိနာစေတဲ့ စစ်ဆင်ရေးကြီးတွေကို မဟာမိတ်တပ်တွေနဲ့အတူ စဉ်ဆက်မပြတ်ဖော်ဆောင်ခဲ့ပြီး ထိန်းချုပ်စိုးမိုးနယ်မြေ အမြောက်အမြားလည်း ရရှိခဲ့တယ်လို့ MDY-PDF က ဆိုပါတယ်။

 

လာမယ့် ၂၀၂၅ ခုနှစ်မှာ စစ်ကိုင်းတိုင်းအတွင်း MDY-PDF က တပ်မဟာသစ်တစ်ခုဖွဲ့စည်းပြီး စစ်ဆင်ရေးအရှိန်အဟုန်ကို တိုးမြှင့်ဖော်ဆောင်သွားမယ်လို့ အသိပေးလိုက်တာပါ။

 

စစ်ကိုင်းတပ်မဟာမှာ ရဲဘော်သစ်တွေနဲ့ မိတ်ဖက်တော်လှန်ရေးတပ်ဖွဲ့တွေအဖြစ် လာရောက်ပူးပေါင်းကြဖို့လည်း မန်း PDF က ဖိတ်ခေါ်ထားသလို စစ်ကိုင်းတိုင်းထဲက တော်လှန်ရေးတပ်တွေနဲ့လည်း ဟန်ချက်ညီညီပူးပေါင်းစစ်ဆင်ရေးတွေဖော်ဆောင်ဖို့ အသင့်ရှိတယ်လို့ ပြောထားပါသေးတယ်။

 

မန်း PDF ဟာ မန္တလေးတိုင်းအတွင်း ပထမဆုံးအနေနဲ့ စဉ့်ကူးနဲ့ သပိတ်ကျင်းမြို့တွေအပြင် မတ္တရာထဲက အဓိကစခန်းတွေကို သိမ်းထားပါတယ်။

 

ဓာတ်ပုံ – Mandalay PDF

 

Related News

Depend on news