ဝါရီကောခူရွာကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး လေးဦးသေဆုံး

Author ခေတ်နီ
Categories
Published on Oct 18, 2022

ရှမ်း၊ကရင်နီဒေသအစပ် မိုးဗြဲမြို့ ဝါရီကောခူရွာဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး လေးဦးခန့်သေဆုံးခဲ့ကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် တပ်ရင်း ၂ က ယမန်နေ့မှာ ထုတ်ပြန်ထားသည်။

ဝါရီကောခူရွာဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်များအား ကရင်နီပူးပေါင်းတပ်များဖြစ်သည့် ကရင်နီတပ်မတော် KA ၊ KNDF ၊ USSFU ၊ ဖယ်ခုံ PDFတို့မှ ပြီးခဲ့သည့် အောက်တိုဘာလ၁၅ရက် မှာ တိုက်ခိုက်ခဲ့တာပဲ ဖြစ်သည်။

ထိုတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား လေးဦးသေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့ပြီး ပူးပေါင်းအဖွဲ့ဘက်မှလည်း တစ်ဦး မစိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်မှာပါရှိသည်။