ကျောက်တော်တွင် စစ်ကောင်စီတပ်မှပစ်သည့် လက်နက်ကြီးထိမှန်ပြီး အရပ်သားတစ်ဦးသေဆုံး

Author ခေတ်နီ
Categories
Published on Oct 18, 2022

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တွင် စစ်ကောင်စီတပ်မှ ပစ်ခတ်သည့် လက်နက်ကြီးထိမှန်ပြီး အရပ်သားတစ်ဦး သေဆုံးခဲ့ကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရသည်။

ကျောက်တော်မြို့နယ်အတွင်းမှာရှိသည့် ပိုက်သည် ကျေးရွာအုပ်စုကို ယမန်နေ့ ည ၈ နာရီခန့်ကစတင်ပြီး စစ်ကောင်စီတပ်မှ လက်နက်များဖြင့် ပစ်ခတ်နေခဲ့တာပဲ ဖြစ်သည်။

ထိုသို့ပစ်ခတ်မှုကြောင့် ကန်ပေါက် ကျေးရွာ ၊ ပိုက်သည်ကျေးရွာအုပ်စုအတွင်းမှာရှိသည့် နေအိမ်တစ်လုံးကို လက်နက်ကြီးထိမှန်ပြီး အသက် ၃၀ နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်သူ ယာစ်မီနာ (ဘ)မာမက်ဟူဆောင်န်သည် ကျည်ထိမှန်ဒဏ်ရာရရှိကာ သေဆုံးခဲ့တာပဲဖြစ်သည်။

ထို့အပြင် ယမန်နေ့ ညနေ ၇နာရီကျော်ခန့်မှာ ကျောက်တော်မြို့အဝင် ဂစ္ဆပနဒီတံတားအနီးတွင် စစ် ကောင်စီတပ်နှင့် ရက္ခိုင်တပ်တော်တို့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အနီးအနားကျေးရွာမှ ရွာသားတချို့လဲ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။