လူငယ်လူရွယ်တွေ ပေါ်တာဆွဲခံနေရတဲ့ ရန်ကုန်မြို့က မြင်ကွင်းများ
ရန်ကုန်မြို့က မြို့နယ်အတော်များများမှာ စစ်ကောင်စီက လူငယ်တွေကို စစ်မှုထမ်းခိုင်းဖို့အတွက် ပေါ်တာဆွဲဖမ်းဆီးနေတယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေပါတယ်။ CJ Platform အနေနဲ့လည်း မြို့နယ်တချို့က ပေါ်တာဆွဲခံရသူ လူငယ်တွေရဲ့ မိသားစုဝင်တွေနဲ့ မေးမြန်းခွင့်ရထားလို့ ဒီသတင်းမှန်ကန်မှုရှိကြောင်း သိထားရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ညပိုင်းအလုပ်ပြန်ချိန်တွေသာမက နေ့ဘက်တွေမှာပါ လူငယ်တွေကို ဖမ်းဆီးခေါ်ဆောင်မှုတွေ ရှိနေတာကြောင့် ရန်ကုန်က လူငယ်အမျိုးသားတွေကြား စိုးရိမ်ထိတ်လန့်စွာ သွားလာနေကြရတယ်လို့ CJ Platform ရဲ့ ရန်ကုန်က Citizen Journalist က သတင်းပေးပို့ထားပါတယ်။
ရန်ကုန်မြို့က Delivery အလုပ်သမားလူငယ်တစ်ဦးက “သတိထားသွားနေရတယ်။ ကိုယ့်အလုပ်ကလည်း လျှောက်သွားပြီးလုပ်ရတာဆိုတော့။ ညဘက်တွေမှာ ဖမ်းတာတွေရှိလို့ အလုပ်စောစောလက်စသတ်ပြီး စောစောပြန်ရတယ်။ အခုကျ နေ့ဘက်တွေမှာပါ ကြားလာရတော့ တော်တော်စိုးရိမ်တယ်” လို့ CJ Platform ကို ပြောပါတယ်။
ဒါကြောင့် CJ Platform အနေနဲ့ အခုရက်ပိုင်း ရန်ကုန်မြို့ရဲ့ နေရာအချို့က မြင်ကွင်းတွေကို မှတ်တမ်းဓာတ်ပုံရရယူထားတာတွေကို ပြန်လည်ဖော်ပြအပ်ပါတယ်။
သတင်းနဲ့ ဓာတ်ပုံ – ကိုထက်