ရန်ကုန်က ဘုံကထိန်ပွဲ
လွတ်မြောက်နယ်မြေတွေအပါအဝင် မြန်မာနိုင်ငံတဝန်းမှာ တန်ဆောင်မုန်းလ၊ တန်ဆောင်တိုင်ပွဲတော်ကာလထဲက ရိုးရာစုပေါင်းမဟာဘုံကထိန်ပွဲတော်တွေ ကျင်းပနေကြပါတယ်။
ဒါ့ကြောင့် ရန်ကုန်မြို့မှာလည်း မြို့နယ်အလိုက်၊ ရပ်ကွက်အလိုက်၊ လမ်းအလိုက် နေထိုင်သူတွေက စုပေါင်းမဟာဘုံကထိန်ပွဲအတွက် ပစ္စည်းပဒေသာပင်၊ ငွေပဒေသာပင်တွေ စုပေါင်းလှူဒါန်းမှုတွေ ပြုလုပ်ကြပါတယ်။
အခုမြင်တွေ့ရမှာကတော့ ရန်ကုန်မြို့၊ လှိုင်သာယာ၊ အင်းစိန်နဲ့ ရွှေပြည်သာမြို့နယ်တို့က စုပေါင်းမဟာဘုံကထိန် ပဒေသာပင်တွေ၊ ပဒေသာပင် လှည့်လည်နေတဲ့ မြင်ကွင်းတွေ၊ စတုဒိသာကျွေးမွေးနေတဲ့ မြင်ကွင်းတွေ ဖြစ်ပါတယ်။
ဓာတ်ပုံများ – ကိုထက်/ CJ