ရှစ်လေးလုံးအရေးတော်ပုံအထိမ်းအမှတ် ရန်ကုန်အခြေစိုက် နိုင်ငံတကာသံရုံးတချို့ ပါဝင်လုပ်ဆောင်

Author လဂွန်းအိမ်
Categories
Published on Aug 08, 2024

ဒီကနေ့မှာကျရောက်တဲ့ ၈၈၈၈ အရေးတော်ပုံ ၃၆ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့အခြေစိုက် နိုင်ငံတကာသံရုံးတချို့က သက်ဆိုင်ရာလူမှုကွန်ရက်တွေကနေ ထုတ်ပြန်ထားကြပါတယ်။

ဗြိတိန်၊ နော်ဝေ၊ ဥရောပသမဂ္ဂ၊ ဖင်လန်နဲ့ ဂျာမနီ စတဲ့ မြန်မာနိုင်ငံဆိုင်ရာ သံရုံးတွေက အသီးသီးထုတ်ပြန်ထားကြတာပါ။

ဗြိတိ၊ ဖင်လန်နဲ့ နော်ဝေ သံရုံးတွေကတော့ ဒီမိုကရေစီအရေးကြိုးပမ်းနေတဲ့ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်နေပြီး အားပေးထောက်ခံနေတယ်လို့ ရေးသားပါတယ်။

 

EU ကတော့ မြန်မာပြည်သူတွေရဲ့ ရည်မှန်းချက်ပြည့်မြောက်ရန် ဆက်လက်ပံ့ပိုးကူညီသွားမှာဖြစ်သလို နွေဦးတော်လှန်ရေးမှာ အသက်ပေးတိုက်ပွဲဝင်နေသူတွေကို ဂုဏ်ပြုလိုက်တယ်လို့ ဆိုပါတယ်။

၃၆ နှစ်ပြည့် ရှစ်လေးလုံးနေ့နဲ့ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စုက နှုတ်ဆိတ်နေသလို ထုံးစံအတိုင်း ရန်ကုန်အခြေစိုက် အာရှနဲ့ အာဆီယံနိုင်ငံတွေကလည်း သဘောထားမှတ်ချက်တစ်စုံတစ်ရာထုတ်ဖော်ပြောဆိုကြတာမျိုးတော့ ဒီကနေ့ နေ့လယ်ပိုင်းအထိ မတွေ့ရသေးပါဘူး။

 

ဓာတ်ပုံများ – ဗြိတိန်၊ ဖင်လန်၊ ဂျာမနီ၊ နော်ဝေ၊ အီးယူ မြန်မာနိုင်ငံဆိုင်ရာသံရုံးများ