ဗိုလ်ချုပ်အုန်းသွင်း(ငြိမ်း)နှင့် သားမက်တို့၏ လက်ကိုင်ဖုန်းအတွင်းမှ စစ်ကောင်စီခေါင်းဆောင်ပိုင်းနှင့် တပ်ထောက်တိုင်များ၏ အချက်အလက်ရရှိထားဟုဆို

Author လင်းခိုင်
Categories
Published on Oct 10, 2022

ဗိုလ်ချုပ်အုန်းသွင်(ငြိမ်း) နှင့် သားမက်တို့၏ လက်ကိုင်ဖုန်းအတွင်းမှ စစ်ကောင်စီခေါင်းဆောင်ပိုင်းနှင့် စစ်တပ်ထောက်တိုင်များ၏ အချက်အလက်များကိုရရှိထားကြောင်း Inya Urban Force အဖွဲ့က ယနေ့တွင် ထုတ်ပြန်ထားသည်။

ယခုနှစ် စက်တင်ဘာ ၂၄ရက်နေ့တွင် မြို့ပြပြောက်ကျားအဖွဲ့က ရှင်းလင်းခဲ့သည့် ဗိုလ်ချုပ်ဟောင်း အုန်းသွင်းနှင့် သားမက်တို့၏ လက်ကိုင်ဖုန်းများကို သိမ်းဆည်းရမိခဲ့ပြီး ဖုန်းအတွင်းမှ အချက်အလက်များကို ရရှိခဲ့ခြင်းဖြစ်သည်။

ရရှိခဲ့သည့် ဖုန်းအား သြစတျေးလျနိုင်ငံသို့ ပို့ဆောင်ခဲ့ပြီး အိုင်တီပညာရှင်များ၏ အကူအညီဖြင့် ဖုန်းအတွင်းမှ အချက်အလက်များ၊ လျို့ဝှက်သတင်းများ၊ ထိုသူတို့နှင့် ဆက်စပ်နေသည့် စစ်ကောင်စီခေါင်းဆောင်ပိုင်းမှ တာ၀န်ရှိသူများ၊ စစ်တပ်ထောက်တိုင်များ၏ အချက်အလက်ကို Inya Urban Force အဖွဲ့ကရရှိထားခြင်း ဖြစ်သည်။

ယခုရရှိထားသည့် အချက်အလက်များကို သက်ဆိုင်ရာအဖွဲ့အစည်းများထံ ဖြန့်ဝေသွားပြီး mission များဆက်လက်အကောင်အထည်ဖော်သွားမည်ဟု Inya Urban Force အဖွဲ့က ထုတ်ပြန်ထားသည်။