ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်အပါအဝင် လေးဦး ကွပ်မျက်ခံရမှု ၂ နှစ်ပြည့်လှုပ်ရှားမှု ရန်ကုန်တော်လှန်ရေးအင်အားစုပြုလုပ်

Author အကြင်နာ
Categories
Published on Jul 23, 2024

ရန်ကုန်မြို့၊ ဘူတာကြီးအနီးက ပန်းဆိုးတန်းခုံးတံတားပေါ်မှာ စမ်းချောင်းပင်မသပိတ်စစ်ကြောင်း(Sc Strike)နဲ့ Revolution Force(RF)တို့ ပူးပေါင်းပြီး “ကမ္ဘာတည်သရွေ့ ဥဒါန်းမကြေဘူး” ဆိုတဲ့ စာသားပါ ဗီနိုင်းချိတ်ဆွဲခဲ့ပါတယ်။

ဒီကနေ့မှာကျရောက်တဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံခဲ့ရပြီးနောက် စစ်ကောင်စီရဲ့ ကွပ်မျက်ခြင်းခံခဲ့ရတဲ့ ၈၈ ကျောင်းသားခေါင်းဆောင်ဟောင်း ကိုဂျင်မီ(ခ)ကိုကျော်မင်းယုနဲ့ NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်း ကိုဖြိုဇေယျသော်(ခ)ကိုမောင်ကျော်၊ ကိုလှမျိုးအောင်(ခ)ကိုမျိုးနဲ့ ကိုအောင်သူရဇော်(ခ)ကိုကတုံးတို့ လေးဦး အထိမ်းအမှတ်အနေနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတစ်ရပ်ကို ပြုလုပ်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

 

 

ဓာတ်ပုံ – SC Strike

 

 

Related News

Depend on news