ပျူနဲ့စစ်ကောင်စီ စခန်းသုံးခုကို သိမ်းပိုက်နိုင်ဖို့အရေး ရဲဘော်နှစ်ဦး ကျဆုံးခဲ့ရ
စစ်ကိုင်းတိုင်း၊ ရွှေဘိုနယ်မှာ ဇူလိုင်လ ၁၃ ရက်က တော်လှန်ရေးအင်အားစုနဲ့ စစ်ကောင်စီ လက်အောက်ခံအင်အားစုတို့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ တိုက်ပွဲ၀င် ရဲဘော်တွေဖြစ်တဲ့ 96 Soldiers-PDF ရဲဘော်တစ်ဦးအပြင် Shwebo Fighter one က ရဲဘော်တစ်ဦး ကျဆုံးခဲ့ရတယ်လို့ အဲဒီတပ်ဖွဲ့တွေထံကနေ သိရပါတယ်။
ရွှေဘိုနယ်က စစ်တပ်လက်အောက်ခံ ပျူရွာတစ်ရွာဖြစ်တဲ့ ကူးတို့ဆိပ် ပျူစောထီးကျေးရွာကို ဇူလိုင်လ ၁၃ ရက် ၁၄ ရက် နှစ်ရက်တာ စီးနင်းဝင်ရောက် တိုက်ခိုက်မှုမှာ 96 Soldiers – PDF(အညာဒေသတပ်ခွဲ)မှာ တပ်စိတ်မှူး ရာထူးနဲ့တာဝန် ထမ်းဆောင်နေတဲ့ ရဲဘော် ဖော်တီး ( 40 ) ကျဆုံးခဲ့တာဖြစ်တယ်လို့ တပ်ဖွဲ့တာ၀န်ရှိသူ ကိုမန်းလေးကပြော ပါတယ်။
“တိုက်ပွဲတွင်းမှာကျဆုံးခဲ့ရတာပါ။ တိုက်ခိုက်မှုကတော့ ရဲဘော်တွေက ရန်သူ့ဘန်ကာ သုံးခုကို ဝိုင်းထားနိုင်ခဲ့တယ်။ ပါလာတဲ့ RPG က error တက်ပြီး မထွက်ဘူး။ မထွက်တော့ ကျတဲ့ရဲဘော်က RPG ဖူးကို နောက်ပြန်ပို့တဲ့အချိန် ဘန်ကာထဲကပစ်လို့ ဦးထုပ်ကို နောက်ကနေမှန်ပြီး ကျဆုံးခဲ့ရတာ” လို့ ပြောပါတယ်။
ကျဆုံးသွားတဲ့ တပ်စိတ်မှူး ကိုသားငယ်(ခ) ဖော်တီး နောက်ဆုံးခရီး နာရေးကို ဇူလိုင် ၁၅ ရက် ညနေခင်းအချိန်မှာ ပြုလုပ်ခဲ့ပြီး တော်လှန်ရေး ရဲဘော်တွေလိုက်ပါ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
ရဲဘော် ဖော်တီးကျဆုံးခဲ့တဲ့ ကူးတို့ဆိပ်ပျူရွာတိုက်ပွဲမှာ ရွှေဘိုနယ်တော်လှန်ရေးအင်အားစုတွေဖြစ်တဲ့ 96 Soldiers-PDF(အညာဒေသ)၊ မဟူရာရွှေဘိုသား၊ ဂဠုန်တပ်တော်၊ ကနောင်တပ်ဖွဲ့၊ ကျောက်လုံးကြီး(KLG) Drone တပ်ဖွဲ့၊ Fighter one၊ ဒေါင်းမာန်ပြည်သူ့ကာကွယ်ရေးအဖွဲ့I Shwebo FederaL Army၊ BFDF(Burmese Farmer Defence Force) Phoenix Wings၊ Phoenix Defence Froce(ဝက်လက်)၊ ပျံလွှားတပ်ဖွဲ့၊ စွန်ရဲ ရွှေဘို ဒေ သခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့LPDF၊ CAF(Civil Armed force) တပ်ဖွဲ့တွေ ပါဝင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
ကူးတို့ဆိပ်ပျူရွာတိုက်ပွဲမှာ 96 Soldiers-PDF(အညာဒေသ)က ကျဆုံးရဲဘော်တစ်ဦးအပြင် Shwebo Fighter One က ရဲဘော် သုံးဦးဒဏ်ရာရခဲ့ပါတယ်။ ဒဏ်ရာရတဲ့ ရဲဘော်တစ်ဦးဖြစ်တဲ့ ရဲဘော်၀ိုင်းချစ် မှာ ပြင်းထန်ဒဏ်ရာရခဲ့ပြီး ဇူလိုင် ၁၆ ရက် ည ၉ နာရီခန့်မှာ ကျဆုံးသွားတယ်လို့ Shwebo Fighter Oneက တာ၀န်ရှိသူတစ်ဦးကပြောပါတယ်။
“တိုက်ပွဲတွင်းထိခိုက်တဲ့ ဒဏ်ရာက ခန္ဓာကိုယ်အတွင်းပဲထိသွားတာပါ။ မနေ့ညပိုင်း (ဇူလိုင် ၁၅) မှာ ကျဆုံးသွားတယ်။ကျန်တဲ့ ဒဏ်ရရတဲ့ ရဲဘော်တွေရဲ့ အခြေနေကတော့ အခြေနေကောင်းပါတယ်” လို့ပြောပါတယ်။
ရဲဘော်၀ိုင်းချစ်ရဲ့ နောက်ဆုံးခရီး နာရေးကို မနေ့ ဇူလိုင် ၁၆ ရက် ညနေပိုင်းမှာ ပြုလုပ်ခဲ့တယ်လို့ ဆက်လက်ပြောပါတယ်။
တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်ခံရပြီးနောက် ကူးတို့ဆိပ် ပျူစောထီးကျေးရွာ စခန်းအပါအဝင် ၊ဆင်အင်း ကျေးရွာ ၊မြင်းစီးပျူရွာ စခန်း သုံးခုက ပျူနဲ့ စစ်ကောင်စီတပ်တွေက စခန်းစွန့် ဆုတ်ခွာသွားကြောင်း ဒေသခံ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
ဓာတ်ပုံ – 96 Soilders -အညာဒေသတပ်ခွဲ
ပုံစာ – ကျဆုံးသွားတဲ့ ရဲဘော် ဖော်တီး ရဲ့ ဈာပနအခမ်းအနားကို မြင်ရပုံ