ကန့်ဘလူမြို့ ဇော်ချောင်းရွာ လေးကြိမ်မြောက်မီးရှို့ခံရမှုအတွင်း အိမ်ခြေ၄၀ကျော်ပျက်စီး

Author ခေတ်နီ
Categories
Published on Oct 08, 2022

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်မြောက်ဘက်ခြမ်းရှိ ဇော်ချောင်းကျေးရွာကို စစ်ကောင်စီတပ်က လေးကြိမ်မြောက်အဖြစ် ထပ်မံမီးရှို့ခဲ့မှုအတွင်းအိမ်ခြေ ၄၀ကျော်ပျက်စီးခဲ့တယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ယနေ့မှာ ထုတ်ပြန်ထားသည်။

ကန့်ဘလူမြို့နယ် မြောက်ခြမ်းရှိ ဇော်ချောင်းရွာအား စစ်ကောင်စီ၏ ခမရ-၃၆၃ တပ်မှအောက်တိုဘာလ ၆ရက်နေ့မှာ စတုတ္ထအကြိမ်မြောက် မီးရှို့ဖျက်စီးခဲ့တာပဲဖြစ်ပြီး အိမ်ခြေ၄၂ လုံးပျက်စီးဆုံးရူံးခဲ့တာပါ။

ဇော်ချောင်းရွာကို စစ်ကောင်စီတပ်က ပထမအကြိမ် မီးရှို့မှုအတွင်း နေအိမ်၁လုံး၊ဒုတိယအကြိမ် အဖြစ် ဇွန်လ ၈ရက်နေ့မီးရှို့ဖျက်စီးမှုအတွင်း အိမ်ခြေ ၉၃ လုံး၊ တတိယအကြိမ် အောက်တိုဘာလ ၄ရက်နေ့ မီးရှို့ဖျက်စီးမှုအတွင်း အိမ်ခြေ၃လုံး မီးလောင်ပျက်စီးခဲ့ကာ စုစုပေါင်း အိမ်ခြေ (၉၇)လုံး ပျက်စီးဆုံးရှုံးထားခဲ့တာပဲ ဖြစ်သည်။

ဇော်ချောင်းရွာဟာ အိမ်ခြေ ၁၈၀ကျော်ရှိပြီး လူဦးရေ၁၀၀၀ခန့်ရှိကာ စစ်ကောင်စီ၏ စစ်ကြောင်းရန်ကြောင့် ရွာလုံးကျွတ် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတာပဲ ဖြစ်သည်။