မြင်းခြံမှာ ၁၈ နှစ်အရွယ် လူငယ်တွေပါဝင်တဲ့ အခြေခံစစ်သင်တန်း ဆင်း

Author မင်းထက်
Categories
Published on Jul 10, 2024

မြင်းခြံခရိုင်အမှတ်(၉)တပ်ရင်း (Myingyan Black Tiger )ရဲ့ အခြေခံစစ်ပညာသင်တန်းအပတ်စဉ် ၁၁ သင်တန်းဆင်းပြီဖြစ်ကြောင်း ယင်းတပ်ဖွဲ့က ယနေ့ ဇူလိုင် ၁၀ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

 

“စစ်မှုထမ်းပြဿနာကြောင့် လာရောက်လာတဲ့လူငယ်တွေအနည်းငယ်ပါဝင်သလို တော်လှန်ရေးမှာစိတ်အားထက်သန်လို့ ပါဝင်လာတဲ့လူငယ်တွေများပါတယ်ဗျ” လို့ Myingyan Black Tiger အဖွဲ့တာဝန်ရှိသူ ဗိုလ်မိုက်ခဲက ပြောပါတယ်။

ဒီသတင်းမှာ ၁၈ နှစ် အောက်အနည်းငယ် ငယ်တဲ့ လူငယ်တွေအပါအဝင် ၁၈ နှစ်အထက် လူငယ်တွေ တက်ရောက်ခဲ့ရာမှာ လူငယ်တချို့ရဲ့လုံခြုံရေးအရ မဖြစ်မနေလက်ခံပေးထားရသူတွေ ပါဝင်တယ်လို့ ၎င်းက ပြောပါတယ်။

 

သင်တန်းသား ၁၈ ဦးပါဝင်တဲ့ အဆိုပါသင်တန်းဆင်းပွဲကို ယမန်နေ့ ဇူလိုင် ၉ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။

 

ဓာတ်ပုံ -Myingyan Black Tiger