မုံရွာ ညောင်ဖြူပင်ရွာ ရဲစခန်းကို PDFတပ်ပေါင်းစု တိုက်ခိုက် စစ်ကောင်စီ ၁၇ဦးသေ

Author လင်းခိုင်
Categories
Published on Oct 03, 2022

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ညောင်ဖြူပင်ရဲစခန်းကို PDF တပ်ပေါင်းစုကတို က်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၁၇ဦးသေဆုံးခဲ့ကြောင်း မုံရွာခရိုင်တပ်ရင်း ၇က ယနေ့ထုတ်ပြန်လာသည်။

တိုက်ပွဲဖြစ်ပွားမှုသည် အောက်တိုဘာ ၂ရက် နံနက် ၂နာရီတွင် မဟာမိတ်တပ်ပေါင်းစုက ညောင်ဖြူပင်ရွာရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခြင်းကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားသေဆုံးခဲ့ခြင်း ဖြစ်သည်။

ပူးပေါင်းတပ်ဖွဲ့သည် စခန်းသိမ်းနိုင်ရန်ဆောင်ရွက်ခဲ့သော်လည်း ရဲစခန်းတွင် ခံစစ်အခိုင်အမာ တည်ဆောက်ထားခြင်းနှင့် မိုးသည်းစွာရွာသွန်းနေခြင်းကြောင့် စခန်းကိုမသိမ်းနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ယခုစစ်ဆင်ရေးအား မုံရွာခရိုင်တပ်ရင်း ၇၊ ၁၂၊ မြင်းခြံခရိုင်တပ်ရင်း ၃၊ စစ်ကိုင်းခရိုင်တပ်ရင်း ၄၊ NRDFတပ်ဖွဲ့၊ မုံရွာသံမဏိတပ်ခွဲတို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။