မန္တလေးတိုင်းတွင် ကိုးလတာကာလအတွင်း မီးလောင်မှု ၁၄၈ ကြိမ်ဖြစ်ခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးသန်း ၁၆၀ ကျော်ရှိ

Author အောင်နိူင်သူ
Categories
Published on Oct 03, 2022

မန္တလေးတိုင်းအတွင်း ကိုးလတာကာလအတွင်း မီးလောင်မှု ၁၄၈ ကြိမ်ဖြစ်ခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုး သန်း ၁၆၀ကျော်ရှိခဲ့သည်ဟု မီးသတ်ဦးစီးဌာနမှ သိရသည်။

၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ မီးလောင်မှု့ ၁၄၈ ကြိမ်ဖြစ်ခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုးမှာ သန်း၁၆၀ကျော်ရှိသည်ဟု မီးသတ်ဦးစီးအရာရှိတစ်ဦးက CJ Plaltfrom ကိုပြောသည်။

“အခုက တစ်နှစ်စာမဟုတ်ဘူး ကိုးလတာပါ ပြောရရင်အရင်နှစ်ကထက်စာရင် မီးလောင်မှု့လျှော့သွားတယ်လို့ပြောရမယ်”ဟု ရှင်းပြသည်။

အလားတူပင် မန္တလေးတိုင်းတွင် မီးလောင်မှု့အပြင် သဘာဝဘေးနှင့် အခြားသောဘေးအန္တရာယ် ၁၃၄ ကြိမ် ဖြစ်ပွားခဲ့သည်ဟု ၎င်းက ဆက်လက်ပြောသည်။

ပြီးခဲ့သည့် ၂ဝ၂၁ခုနှစ်ွ ဇန်နဝါရီလ ၁ ရက်နေ့မှ စက်တင်ဘာလ(၂၇)ရက်နေ့အထိ မန္တလေးတိုင်းအတွင်း မီးလောင်မှု အကြိမ်ရေ(၂ဝဝ)၊ ဆုံးရှုံးမှုတန်ဖိုး ကျပ်သန်းပေါင်း ၂၁၇ ဒသမ ၄၇ဝ ရှိသည်ဟု သတင်းအချက်အလက်တွေအရသိရသည်။

၂၀၂၁ ခုနှစ် ကိုးလတာကာလအတွင်းမှာပင် မန္တလေးတိုင်း၌ သဘာဝဘေးနှင့် အခြားဘေးအန္တရာယ် ၁၆၃ ဖြစ်ပွားခဲ့သည်။

ယခုနှစ် ၂ဝ၂၂ခုနှစ်တွင် ယခင်နှစ်ထက် မီးလောင်မှု ၅၂ ကြိမ်လျှော့နည်းသွားပြီး သဘာဝဘေးနှင့် အခြားသေ ဘေးအန္တရာယ်ဖြစ်ပွားမှုမှာလည်း ၂၉ကြိမ် လျော့နည်းကျဆင်းခဲ့ကြောင်း မီးသတ်ဦးစီးဌာန၏သတင်းအချက်အလက်များအရ သိရသည်။