ပေါက်တွင် ပျူစောထီးသင်တန်း ဝင်ရောက်စီးနင်းခံရပြီး ၁၇ဦးသေ ၅၀ဦး ကျော်ဖမ်းဆီးရမိ

Author ခေတ်နီ
Categories
Published on Oct 03, 2022

မကွေးတိုင်း ပေါက်မြို့နယ်တွင် ပျူစောထီးများကို သင်တန်းပေးနေသည့် နေရာတစ်ခုကို စီးနင်းတိုက်ခိုက်ခဲ့ပြီး ပျူစောထီး စုစုပေါင်းအယောက် ၅၀ကျော်ကို ဖမ်းဆီးရမိခဲ့ကြောင်း မြိုင် ပကဖ က ထုတ်ပြန်ထားသည်။

ပေါက်မြို့နယ် ဇီးပြားရွာတွင် ပျူစောထီး ၉၃ ယောက်ခ န့်ကို သင်တန်းပေးနေသည့် စခန်းအား ယမန်နေ့ နေ့လည် ၁ နာရီခွဲအချိန်ခန့်မှာ မြိုင်ပကဖတပ်ရင်း၁အဖွဲ့နှင့် ပေါက်ကျေးရွာကာကွယ်ရေးအဖွဲ့များ ၊မြိုင်ကျေးရွာကာကွယ်ရေးအဖွဲ့များ ပူးပေါင်းကာ သွားရောက်တိုက်ခိုက်ခဲ့တာပဲဖြစ်သည်။

အဆိုပါတိုက်ပွဲအတွင်း သင်တန်းပေးနေသည့် စစ်ကောင်စီတပ်သား ၊ရဲများနှင့် ပျူစောထီး စုစုပေါင်း ၁၇ ဦးသေဆုံးခဲ့ပြီး ပျူစောထီး၅၃ဦးကို အရှင်ဖမ်းမိခဲ့တာပဲဖြစ်သည်။

အဆိုပါတိုက်ခိုက်မှုဟာ ပျူစောထီးအဖွဲ့များက ပြည်သူဘက်မှ ပူးပေါင်းပါဝင်ကြသူများကို ဖမ်းစီးသတ်ဖြတ်ခြင်း အနိုင်ပြုကျင့်ခြင်း ကျေးရွာတွင်းနေထိုင်မခိုင်းခြင်းတို့ အကြိမ်ကြိမ်ပြုလုပ်နေသည်ကို တိုင်ကြားလာ၍ တိုက်ခိုက်ရခြင်းဖြစ်ပြီး ဖမ်းဆီးရမိသူများကို ပြည်သူဘက်တော်သားများအဖြစ် သစ္စာရှိစွာရပ်တည်ပေးမည်ဆိုပါက အသက်ကိုစောင့်ရှောက်မှုပေးမည်ဖြစ်ပြီး စစ်ကောင်စီဒေါက်တိုင်အဖြစ်မရပ်တည်ရန် ဝန်ခံကတိပြုလုပ်ထားသည်ဟု လဲသိရသည်။