မြိုင်မြို့ပေါ် မီးသတ်ရုံးအနီးက စစ်တပ်ဂိတ် အတိုက်ခံရ

Author မင်းထက်
Categories
Published on May 18, 2024

မကွေးတိုင်း၊ မြိုင်မြို့ပေါ်  မီးသတ်ရုံးအနီးမှာ တပ်စွဲထားတဲ့ စစ်တပ်ဂိတ်ကို ကျားသစ်နက်တပ်မတော် မြိုင်တပ်ခွဲက မေလ ၁၇ရက်နေ့ ညနေ ၅နာရီခန့်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးဆီက သိရပါတယ်။

 

အင်အား ၅၀ခန့်ပါဝင်တဲ့ တော်လှန်ရေးတပ်ပေါင်းစုကို ကျားသစ်နက်တပ်မတော် – Black Leopard Army မြိုင်တပ်ခွဲက ဦးဆောင်ပြီး အဖွဲ့သုံးဖွဲ့ခွဲကာ လက်နက်ငယ်တွေနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။

 

“စကစ အကျဆုံးကတော့ ရှိနိုင်တယ်ဗျ။ တိုက်ပွဲဖြစ်စဥ်က စစ်ကောင်စီနဲ့ ရဲဘော်တွေနဲ့ အိမ်တစ်အိမ်ပဲခြားတဲ့ အနေအထားမှာ ကျွန်တော်တို့က တိုင်ပင်ခေါက်ပြီး ပြိုင်တူပစ်ခဲ့တာဗျ” ဟု ကျားသစ်နက်တပ်မတော် မြိုင်တပ်ခွဲက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

 

စစ်တပ်အခြေချရာ  ကိုးဆောင်ဂိတ်ကို တော်လှန်ရေးတပ်ဖွဲ့ တွေ သိမ်းပိုက်ခဲ့အပြီးမှာ စစ်ကောင်စီတပ်တွေက မြို့တွင်းမှာရှိတဲ့ ဘဏ်တွေနဲ့ မီးသတ်ရုံးရှေ့မှာ ဘန်ကာတွေ ဆောက်လုပ်ပြီး အထိုင်ချ တပ်စွဲထားတာပဲ ဖြစ်ပါတယ်။

 

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမှုရှိနိုင်ပေမဲ့ အတိအကျ သိရှိနိုင်ဖို့ စုံစမ်းနေဆဲဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

 

တော်လှန်ရေးတပ်တွေဟာ မြိုင်မြို့ရဲ့ သုံးပုံ တစ်ပုံခန့်ကို စီးနင်းထားနိုင်နေတာကြောင့် စစ်ကောင်စီတပ်သားတွေရဲ့  ဂိတ်စခန်းတွေရှိရာ မြို့ထဲကိုပါ အခုလို ၀င်ရောက်တိုင်ခိုက်နိုင်ခဲ့တာပါ။

 

စီးနင်းတိုက်ခိုက်မှုအတွင်းမှာ ယင်းမာပင်ခရိုင် အမှတ် ၁၁ တပ်ရင်း ၊ တပ်ခွဲ-၄ လရောင်ပြည်သူ့ ကာကွယ် ရေးအဖွဲ့၊ ဗိုလ်စတီးအဖွဲ့ ၊ ကိုမိုက်ခဲအဖွဲ့၊ ကျားပေါက်အဖွဲ့ နဲ့ မိုင်းတစ်ထောင် ဗိုလ်ပြောင်အဖွဲ့ တို့ ပူးပေါင်းပါဝင်ခဲ့တယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – ကျားသစ်နက်တပ်မတော် မြိုင်တပ်ခွဲ

Related News

Depend on news