ကော်ဘရာစစ်ကြောင်းမှ စနိုက်ဘာနှင့် ပစ်ခတ်တာကြောင့် စစ်ကောင်စီတပ်သားတစ်ဦးသေ

Author ခေတ်နီ
Categories
Published on Sep 29, 2022

ကရင့်အမျိုးသား အစည်းအရုံးKNU တပ်မဟာ (၆) နယ်မြေ၊ တောင်နီ ကျေးရွာအနီးတွင် စစ်ကောင်စီတပ်ကို စနိုက်ဘာနှင့် ပစ်ခတ်ခဲ့တာကြောင့် စစ်ကောင်စီတပ်သားတစ်ဦးသေဆုံးခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်ထားသည်။

တောင်နီကျေးရွာအနီးက စစ်ကောင်စီ၏ခမရ (၁၀၄) ကို ကရင်အမျိူးသားလွတ်မြောက်ရေးတပ်မတော်KNLA တပ်ရင်း (၂၇) ကော်ဘရာ ပူးပေါင်းစစ်ကြောင်း၊ တပ်မဟာ စစ်ကြောင်း တပ်ခွဲ (၂) တို့မှ စနိုက်ဘာတပ်သားများမှ ယနေ့မှာ ပစ်ခတ်ခဲ့တာကြောင့် စစ်ကောင်စီဘက်မှ (၁) ဦး သေဆုံးခဲ့တာပဲ ဖြစ်သည်။

တောင်နီကျေးရွာအနီးသို့ အခြေပြုနိုင်ရန် စစ်ကောင်စီစစ်ကြောင်းများသည်စက်တင်ဘာ၂၄ရက်မှစတင်ကာ နေ့စဥ်နီးပါး စစ်ကြောင်းထိုးနေသည့်အတွက် ကော်ဘရာပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲများဖြစ်ပွားနေသည်။