ကျိုက်ထိုမုပ္ပလင် စစ်ဆေးရေးဂိတ် ဒရုန်းဖြင့် ဗုံးသီးချတိုက်ခံရ ၄ဦးသေ

Author တေဇာ
Categories
Published on May 04, 2024

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် မုပ္ပလင်လမ်းဆုံ စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဧပြီ ၁ရက်နေ့ နံနက် ၈နာရီခန့်တွင် ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၄ဦး သေဆုံးကာ ၈ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF)ထံမှ သိရသည်။

 

”သူတို့(စစ်ကောင်စီ)အင်အား၂၀ခန့်ရှိပါတယ်။ တိုက်ခိုက်ပြီးချိန်မှ အနီးနားက ကျေးရွာတွေထဲကို လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်ပါတယ်ဗျ။ လမ်းကို နာရီဝက်ခန့်ပိတ်ပြီး ခရီးသွား ပြည်သူတွေကို စစ်ဆေးတာတွေ လုပ်ပါတယ်။”ဟု ကျိုက်ထိုတော်လှန်ရေးအင်အားစုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF)၊ ကျိုက်ထို ပကဖ၊ Nighthawas၊ KNU/KNLA ပူးပေါင်းအဖွဲ့များမှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါ မုပ္ပလင်လမ်းဆုံစစ်ဆေးရေးဂိတ်မှာ တော်လှန်ရေးတပ်ဖွဲ့များ မကြာခဏ ဝင်ရောက်တိုက်ခိုက်လေ့ရှိသည့် ဂိတ်တစ်ခုဖြစ်ကာ ဧပြီလ ၆ရက်နေ့ကလည်း တော်လှန်ရေးတပ်ဖွဲ့များ၏ ဒရုန်းဖြင့် ဗုံးကြဲမှုကြောင့် စစ်ကောင်စီအဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

 

ဓာတ်ပုံ – ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF